25 C
Yangon

မြ၀တီမြိုနယ်၊ လက်ခတ်တောင်နှင့်သင်္ဃန်းညီနောင်ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစော ပိုင်း တိုက် လေယာဉ်များဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့်ပစ်ခတ်

Must read

သင်္ဃန်းညီနောင်မြိုသစ် ထိခိုက်ပျက်စီးမှု ကြီးမား

ရန်ကုန်၊ မတ် ၁၁

ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်၊ လက်ခတ်တောင်နှင့်သင်္ဃန်းညီနောင်ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစော ပိုင်း တိုက်လေယာဉ်များဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့်ပစ်ခတ်နေကြောင်း မြ၀တီမြိုမှ ပြည်သူများနှင့် PDF စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၀၀ နာရီ ၅၀ မိနစ်အချိန်၊ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်နှင့် နံနက် ၁ နာရီ ၅၀ မိနစ်အချိန် တိုတွင် တိုက်လေယာဉ်များဖြင့် မြ၀တီမြိုနယ်၊ လက်ခတ်တောင်နှင့် သင်္ဃန်းညီနောင် ပတ်ဝန်းကျင်သို တိုက် လေယာဉ်များဖြင့် ဗုံး ၁၂ လုံးထက်မနည်း ကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုသည် အသံအလွန်ကျယ်လောင်ပြီး မြ၀တီမြိုတွင် ပင် တုန်ခါ သွားကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“ဒီမနက် ၁၂ နာရီ ၅၀ မိနစ်မှာ တိုက်လေယာဉ်တွေနဲ့ ဗုံးတွေကျဲတယ်။ ပထမအကြိမ် ၆ လုံးကျဲတယ်။ မြဝတီ မြို တမြိုလုံး တုန် ပေါင် ၅၀၀ ဗုံးတွေထင်ပါတယ်။ တစ်ပြိုင်တည်းကွဲတာ။ နောက်တစ်ကြိမ် ၆ လုံးထပ်ကျဲတယ်။ပေါက်ကွဲသံလာတာက မဲကနယ်၊ သင်္ဃန်းညီနောင် နဲ့ လက်ခတ်တောင်ဘက်က လာပါတယ်။ နံနက် ၁ နာရီ ၅၀ မိနစ်မှာ တတိယအကြိမ် လေယာဉ်နဲ့ ဗုံးလာကျဲတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထိုပြင် မြ၀တီမြိုနယ်၊ ခလရ ၂၇၅ တပ်ကလည်း အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် သင်္ဃန်းညီနောင်နှင့် လက်ခတ်တောင်သို ပစ်ခတ်ခဲ့ကြောင်း ၊ ပေါက်ကွဲသံများ ယနေ့ နံနက်အစောပိုင်းကာလတစ်လျှောက် လုံးကြားနေရကြောင်း သိရှိရသည်။

“နံနက် ၁ နာရီ ၅၆ မိနစ်မှာ မြ၀တီ ခလရ ၂၇၅တပ်ရင်းက လက်နက်ကြီးတွေ စပစ်ပါတယ်။ သင်္ဃန်းညီနောင်နဲ့ လက်ခတ်တောင်ဘက်ကို ပစ်တာ” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုပြင် မတ်လ ၉ ရက်နေ့ ညနေပိုင်းမှစတင်ပြီး သင်္ဃန်းညီနောင်မြိုသစ်နှင့် ရဲစခန်းကိုလည်း စစ်ကောင်စီတပ်များက လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်သဖြင့် မီးလောင် ပြာကျမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မြ၀တီမြိုတွင်မူ စနေ၊ တနင်္ဂနွေ ၂ ရက်လုံး စျေးဆိုင်များ၊ မြိုမစျေးကြီး၊ ကုန်စုံဆိုင်များ ပါ ပိတ်ထားကြကြောင်း၊ မြဝတီ မြိုတွင်းသို စစ်ရှောင် ပြည်သူတချို ဝင်ရောက်လာကြောင်း၊ တိုက်ပွဲဧရိယာသည် ခြေတော်ရာတောင် ၊ပေါ်လော သံပရာတောင်၊ ဝေ့ရှမ်းကျေးရွာများဘက်အထိ ကျယ်ပြန့်လာကြောင်း ဒေသပြည်သူများက ဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article