25 C
Yangon

ဟားခါးမြို့နယ်တွင် မိုင်းမတော်တဆမှု ဖြစ်ပွားပြီး ကလေးငယ် ၂ ဦးသေဆုံး

Must read

ဟားခါးမြို့နယ်တွင် မိုင်းမတော်တဆမှု ဖြစ်ပွားပြီး ကလေးငယ် ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၁

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် မိုင်းမတော်တဆမှု ဖြစ်ပွားပြီး ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သော CDF-Senthang အဖွဲ့မှ ကား ၁ စီး ရွာထဲကို ရောက်ရှိလာချိန် ကလေးငယ်များက ကားပေါ် တက် ကစားကြရာမှ ကားထဲတွင်ပါလာသည့် မိုင်းပေါက်ကွဲပြီး ကလေးငယ် ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် မောင်ထဘိခ့်ထောင်းနှင့် အသက် ၁၃ နှစ် အရွယ် မောင်ဗန်ဗျက်ကျုံး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယခု ရက်ပိုင်းအတွင်း ချင်းပြည်နယ်တွင် မိုင်းမတော်တဆမှုကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး မတ်လ ၈ ရက်နေ့က လိုင်းလင်ပီးမြို့အနီးမှာ နင်းမိုင်း နင်းမိသောကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လ ၇ ရက်နေ့ကလည်း မတူပီမြို့၌ နင်းမိုင်းကြောင့် အမျိုးသား ၁ ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင် မတ်လ ၇ ရက်နေ့ကလည်း မိုင်းပေါက်ကွဲမှုကြောင့် တီးတိန်မြို့မှ သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article