25 C
Yangon

ရမ်းဗြဲနှင့် မြောက်ဦး မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရ

Must read

ရမ်းဗြဲနှင့် မြောက်ဦး မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်နှင့် မြောက်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ရခိုင်တပ်တော် AA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ င/ပြီချောင်းရွာကို အကြမ်းဖက် စစ်တပ်က Y-12 ထောက်ပို့ လေယာဉ် ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် င/ပြီချောင်းရွာမှ အသက် ၆၅ နှစ် အရွယ် ဒေါ်မအုံးရွှီ ဗုံးစ ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရမ်းဗြဲမြို့ အနီး တစ်ဝိုက်ကို ရေကြောင်း၊ လေကြောင်း တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင့်များ ပြုလုပ်နေခြင်းကြောင့် ရမ်းဗြဲမြို့နယ်အတွင်း နေထိုင်သော ပြည်သူများ အနေဖြင့် စစ်ရေး သတိဖြင့် နေထိုင်ကြရန် ရခိုင်အမျိုးသား အဖွဲ့ချုပ်က တိုက်တွန်း ပြောဆိုထားသည်။

အလားတူ မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့် တိမ်ညိုမြောက်ရွာနှင့် တိမ်ညိုသစ်ရွာ အကြား ဒိုင်ကွင်းအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသနေပြည်သူများ ထိခိုက် ဒဏ်ရာရမှုနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရှိရသည်။

Photo Credit – Arakan Princess Media

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article