25 C
Yangon

ကလေးမြို့နယ်၊ ကံသာယာရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ သေနတ် ၂၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ကလေးမြို့နယ်၊ ကံသာယာရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ သေနတ် ၂၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံသာယာရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး ကာ သေနတ် ၂၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

ယမန်နေ့ မတ်လ ၁၀ ရက် နေ့က ကလေးမြိုနယ်၊ ကံသာယာရွာဘက်သို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား၊ ပျူ စောထီးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား အလောင်း ၃ လောင်း၊ လက်နက်ငယ် ၂၄ လက်၊ ကျည်မျိုးစုံ ၁၂၀၀ ခန့်၊ ရှေ့ထွက်မိုင်း ၂ လုံး နှင့် ကျည်အိမ် ၂၄ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ခရိုင်ဒရုန်းတပ်ဖွဲ့၊ RKDF၊ HNB၊ S2UG၊ EFDF၊ TCDF၊ ဒေါင်းသွေးရာဇာ၊ GRF နှင့် ကလေးမြို့နယ် ပကဖတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲခြင်းဖြစ်ကြောင်း သိရသည်။

ကံသာယာရွာသည် ပျူစောထီးကျေးရွာတစ်ရွာဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ရရှိထားခြင်းဖြစ်ကာ ယင်းကံသာယာရွာကို ပြန်လည်သိမ်း ပိုက် ရယူနိုင်ရန် အကြမ်းဖက်စစ်သား၊ ပျူစောထီးများက စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article