27 C
Yangon

အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို လုံး၀ မရဘဲ စစ်ရေးရလဒ် ထွက်ရှိစေရန် အထူးလုပ်ဆောင်ရမည်ဟု NUG ယာယီသမ္မတ သတိပေး

Must read

ရန်ကုန်၊ မတ် ၁၂

အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို လုံး၀ မရဘဲ စစ်ရေးရလဒ် ထွက်ရှိစေရန် တိုက်ခိုက်ရမည်အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၀ / ၂၀၂၄ အစိုးရအဖွဲအစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တိုဟာ အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို လုံးဝမရဘူးလို ပြောချင်ပါတယ်။ အခုဆိုရင် စစ်ကောင်စီက အနားတောင်းဖို၊ ကြိုးစားနေတဲ့ကိစ္စတွေကို တွေ့မြင်ရပါတယ်။ ကျွန်တော်တိုဟာ သံပူတုန်း နာနာနှက် ရမယ်လို ပြောချင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားမဟာမိတ်အဖွဲအစည်းအားလုံးသည် လက်နက်ကိုင် တော် လှန်ရေးနှင့် လူထုတိုက်ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြိုးစားနေကြကြောင်း၊ လက်နက်အားဖြင့် ခုခံတော်လှန်နေသည့်အဆင့်ဖြင့် တင်းတိမ်နေ၍ မရကြောင်း၊ စစ်ရေးရလဒ် ထွက်အောင် လုပ်ဆောင်ရန် အထူး လိုအပ်ကြောင်း ၊ စစ်ကောင်စီက ထုတ်သုံးနေသော နိုင်ငံရေး ဝှက်ဖဲတွေနောက်တွင် မျောမသွားရန် လိုအပ်ကြောင်း သမ္မတ ဒူဝါလရှီးလက ထပ်မံ သတိပေးသည်။

” အကြမ်းဖက်စစ်ကောင်စီက ထုတ်သုံးတဲ့ နိုင်ငံရေးဝှက်ဖဲတွေ နောက်မှာ မျောမသွားဘဲ၊ ကျွန်တော်တိုအနေနဲ့ “ကောက်ပင်ရိတ်လှီးသလို၊ တိခနဲ ဖြတ်ချရမယ့် တန်ပြန်မှုတွေ” ကို အမြော်အမြင် ရှိရှိ၊ ပြတ်ပြတ်သားသား လုပ်ဖိုပဲ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက “စစ်မှုထမ်းဥပဒေ” နဲ့ပတ်သက်ပြီး လုပ်နေတဲ့ကိစ္စမှာလည်း စစ်ရေးကိစ္စ တစ်ဝက် ၊ နိုင်ငံရေးကိစ္စ တစ်ဝက် ရောပြီး ခြေလှမ်းစတင် နေတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို တန်ပြန်တော်လှန်တဲ့အခါမှာ နိုင်ငံရေးအရ လုပ်ဆောင်ရမှာတွေ ရှိသလို၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေလည်း ရှိနိုင်ပါတယ်” ဟု သမ္မတက ဆက်လက်ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ရေးကို စစ်ရေးကဲသို ပီပီပြင်ပြင် စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာစီမံချက်များတွင် ပြည်သူလူထု ထိခိုက်နိုင်သည့် ဘေးထွက်ဆိုးကျိုးများကိုလည်း ကြိုတင် တွက်ဆရန် လိုအပ်ကြောင်း သမ္မတက ဆိုသည်။

” တကယ် အာနိသင်ရှိတဲ့ ဆေးနည်းက အင်မတန် ခါးလွန်းတာတွေလည်း ဖြစ်တတ်သလို၊ ဆေးမြီးတိုတွေက ဘေးထွက်ဆိုးကျိုးများတာလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တိုရဲ့ မဟာဗျူဟာ နည်းနာကို ကျွန်တော်တို ကောင်းကောင်း သဘောပေါက်ဖို လိုတယ်လို ပြောချင်ပါတယ်” ဟု သမ္မတက ဆိုသည်။

နွေဦးတော်လှန်ရေးသည် တိုင်းရင်းသားများ လွတ်မြောက်ရေးရေးနှင့်ထပ်တူကျကြောင်း၊ စစ်ရေးရလဒ်နှင့် တော်လှန်ရေးရလဒ်ကောင်းမွန်စေရေး ကြိုးစားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“နွေဦးတော်လှန်ရေးကာလအတွင်းမှာ တွေ့ရတဲ့ ခုခံတော်လှန်စစ်တိုက်ပွဲတွေနဲ့ တိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲတွေကို ယေဘုယျအားဖြင့် ခြုံငုံကြည့်ရင်၊ စစ်ရေးရလဒ်နဲ့ တော်လှန်ရေး ရလဒ်တွေ ထပ်တူကျတဲ့ တိုက်ပွဲတွေ ရှိတာတွေ့ရပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးလှိင်းတွေနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေး လှိင်းတွေဟာ တိုက်ရိုက်ချက်ကြိုးသွယ်ထားနိုင်တဲ့ အခြေအနေကို ရောက်ပြီဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားတည်း / တစ်ထပ်တည်း ဖြစ်လာတာကို တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးမှာ၊ ကျွန်တော်တိုဟာ နိုင်ငံရေးသတိလက်လွတ် ပြောဆို၊ လုပ်ဆောင်တာမျိုးတွေကို သတိထား ရှောင်ကြဉ်ဖို လိုပါတယ်” ဟု သမ္မတက ဆက်လက် ပြောဆိုသည်။

လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်းတွင်ပင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည် ဆောက်ရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်များကို ခိုင်ခိုင်မာမာ တည်ဆောက်သွားရမည်ဖြစ်ကြောင်း သမ္မတက သတိပေးပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article