25 C
Yangon

မတ္တရာမြို့နယ်၊ ကျောက်တံတားအရှေ့ရွာတွင် ပိုက်ဆံကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားအရှေ့ဘက်ရွာတွင် ပိုက်ဆံကောက်နေသည့် အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် မတ္တရာမြို့နယ် ပကဖ တာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မတ္တရာမြို့နယ်၊ ကျောက်တံတား အရှေ့ဘက်ရွာ တံတားအဆင်းတွင် ခရီးသွားပြည်သူများထံမှ ပိုက်ဆံတောင်းနေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတား အဆင်းနေရာသည် အကြမ်းဖက် စစ်သား ၅ ဦးခန့် အမြဲ ပိုက်ဆံကောက်လေ့ရှိသည့် နေရာဖြစ်ကြောင်း၊ ပစ်ခတ်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦးသည် ပွဲချင်းပြီး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ပြင်ဦးလွင် ဆေးရုံကို ပြန်ဆောင်စဉ် ဒဏ်ရာရရှိသူများထဲမှ ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဘယ်အဖွဲ့က ဝင်ပစ်လည်းတော့ မသိဘူး ပစ်တာတော့ ရှယ်ပဲ။ အဲဒီနားနေတဲ့ စစ်ခွေးတွေ အကုန်မှန်ကုန်တာ သူတို့ဘက်က သေနတ်ကို ပစ်ချိန်မရလိုက်ဘူး” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မတ္တရာမြို့နယ် ပကဖ တာဝန်ခံ ကိုဘိုတောက်ကလည်း ပစ်ခတ် တိုက်ခိုက်ဖြစ်ပွားသည်ကို အတည်ပြုပြီး အချက်အလက်များကို မသိရှိရသေးကြောင်း ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article