25 C
Yangon

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့တွင် ပျက်စီးမှုများစွာ ရှိနေပြီး မြို့ပျက်ကြီးကဲ့သို့ ဖြစ်နေ

Must read

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့တွင် ပျက်စီးမှုများစွာ ရှိနေပြီး မြို့ပျက်ကြီးကဲ့သို့ ဖြစ်နေ

ရန်ကုန်၊ မတ် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့တွင် ပျက်စီးမှုများစွာ ရှိနေပြီး မြို့ပျက်ကြီးကဲ့သို့ ဖြစ်နေပြီး ယမန်နေ့တွင်လည်း စစ်ကောင်စီက ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၆ နာရီမှ နံနက် ၁၁ နာရီအထိ စစ်ကောင်စီက ဆီဆိုင်မြို့တွင်းသို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြိမ် ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုခေတ္တရပ်သွားပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်မှ ညနေ ၄ နာရီအထိ ဆီဆိုင်မြို့မြောက်ဘက်တွင် ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီသည် နေ့စဉ် ဆီဆိုင်မြိုထဲသို လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းဖြင့်ဗုံးကျဲခြင်းများကြောင့် ပြည်သူ လူထု၏ နေအိမ်များ ပျက်စီးနေရပြီး ဆီဆိုင်မြိုမဈေးသည်လည်း မီးလောင်ပျက်စီးခဲ့ရကြောင်း၊ ထို့ပြင် စစ်ကောင်စီသည် ယမန်နေ့တွင်လည်း ဟိုပုံးမြိုနယ် မဲနယ်တောင်ဒေသကို လက်နက်ကြီးများဖြင့် ၂၁ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article