24 C
Yangon

နမ့်ခမ်းရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ထိန်းချုပ်ခဲ့သော ဒေသများမှ ဘိန်းစိုက်ခင်း ဧက ၁၀၀၀ ကျော်ကို TNLA က ဖျက်ဆီး

Must read

ရန်ကုန်၊ မတ်လ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ နမ့်ခမ်းမြိုနယ်၊ ဘိန်းစိုက်ခင်း ဧက ၁၀၀၀ ကျော်ကို T NLA တပ်ဖွဲက မတ်လ ၄ ရက်နေ့မှစပြီး ယမန်နေ့ ၁၂ ရက်နေ့အထိ ဖျက်ဆီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

PSLF/TNLA တပ်ဖွဲက သွားရောက်ဖျက်ဆီးခဲ့သည့် ဘိန်းစိုက်ခင်းများသည် ကျေးရွာပေါင်း ၁၅ ရွာတွင် တည်ရှိပြီး ဘိန်းစိုက်ခင်းပေါင်း ၁၁၂၅ ဧကများကို ရက်ပေါင်း ၉ ရက်ကြာ အချိန်ယူဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးရာတွင် တာကွမ့်ကျေးရွာတွင် ၂၈၄ ဧက ၊ ရှောက်ကုန်းကန်တွင် ၁၆၄ ဧက၊ မန်ပန်း အထက်နှင့် အောက်ရွာတိုတွင် ၁၅၇ ဧက ၊ ကန်ဖာဖိုတွင် ၁၅ ဧက ၊ အထက်ဆတန်းတွင် ၃၂ ဧက၊ အောက်ဆတန်းတွင် ၂၇ ဧက ၊ ပန်ဆေးတွင် ၁၅၉ ဧက ၊ ဆန်ချယ်တွင် ၅၇ ဧက ၊ မန်မောင်းတွင် ၁၁၇ ဧက ၊ မန့်မိုင်တွင် ၁၄ ဧက ၊ လျောက်ပန်းကုန်းတွင် ၁၉ ဧက ၊ ပုံစာတီတွင် ၁၀ ဧက ၊ ၁၂မိုင်တွင် ၃၅ ဧက၊ ပါင်ဝိုတွင် ၁၀ ဧကနှင့် မည်ခမ်းတွင် ၂၅ ဧကတိုဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဘိန်းစိုက်ကျေးရွာများသည် ယခင်တွင် စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့သည့် နေရာဒေသဖြစ်ကြောင်း၊ ထိုနေရာများတွင် PSLF/TNLA တပ်ဖွဲ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တစ်ကြိမ် ဘိန်းစိုက်ခင်းများကို သွားရောက်ဖျက်ဆီးခဲ့ကြောင်း၊ ဖျက်စီးနေစဥ်အတွင်း ပန်ဆေးပြည်သူ့စစ်တပ်ဖွဲနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

PSLF/TNLA တပ်ဖွဲက နမ့်ခမ်းမြိုကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ယခုနှစ် မတ်လတွင် ဘိန်းစိုက်ခင်း ဖျက်ဆီးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသော ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်ဆီး ရေးလုပ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း TNLA က ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article