29.6 C
Yangon

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲဝင် ၁၇၇ ဦးကို မြန်မာနိုင်ငံသို ပြန်ပိုရေး ဆွေးနွေးနေဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီးအသိပေး၊ ထွက်ပြေးလာသူများကို ထိန်းသိမ်းကျွေး မွေးထား

Must read

ရန်ကုန်၊ မတ် ၁၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲဝင် ၁၇၇ ဦးကို မြန်မာနိုင်ငံသို ပြန်ပိုရေး ဆွေးနွေးနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီး Hasan Mahmud က ယမန်နေ့တွင် ပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ်ဖွဲဝင်များ ပြေးဝင်လာပြီးနောက် အရပ်သားတချိုက ဝင်ရောက်ရန်ကြိုးပမ်းကြောင်း၊ သိုရာတွင် ဘင်္ဂလားဒေ့ရှ်က အဝင်မခံဘဲ ပြန်လည် နှင်ထုတ်လိုက်ကြောင်း ၎င်းက ဆိုသည်။

” စုစုပေါင်း မြန်မာနယ်ခြားစောင့်တပ်ဖွဲဝင် ၁၇၇ ဦး ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်လာပါတယ်။ သူတိုကို အရင်လိုပဲ ပြန်ပိုဖို ကျနော်တို လုပ်နေပါပြီ။ အခြားအရပ် သားတွေလည်း ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ဖို ကြိုးစားကြတာကိုတော့ ကျနော်တို ပြန်နှင်ထုတ်လိုက်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီး Hasan Mahmud က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲဝင်များကို မြန်မာနိုင်ငံ ပြန်ပိုရေး မြန်မာစစ်တပ်နှင့် ထိတွေ့ ဆက်ဆံနေကြောင်း၊ လိုအပ်လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်မည်ဖြစ်ကြောင်း ၊ ၎င်းက ရှင်းပြသည်။

ဖေဖော်ဝါရီလအတွင်း မြန်မာစစ်ကောင်စီတပ်ဖွဲဝင် ၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ထဲသို ထွက်ပြေးဝင်ရောက်လာ၍ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြန်လည်ပိုဆောင်ခဲ့ပြီးနောက် ထပ်မံ၍ စစ်ကောင်စီတပ်ဖွဲဝင်များ ဘင်္ဂလားဒေ့ရှ်ထဲသို ထွက်ပြေးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article