25 C
Yangon

တောင်သာမြိုနယ်၊ ဇရပ်ကြီးရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၃

မန္တလေးတိုင်း၊ တောင်သာမြိုနယ်၊ ဇရပ်ကြီးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၉ ရက်နေ့တွင် တောင်သာမြိုနယ် ၊ ဇရပ်ကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲများက ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ (27 Revolution Forces) ၊ မြင်းခြံခရိုင် တပ်ရင်း ၃ ၊ မြင်းခြံခရိုင် တပ်ရင်း ၄ ၊ မြင်းခြံခရိုင် တပ်ရင်း ၈ ၊ မြင်းခြံခရိုင် ဒရုန်းတပ်ရင်း MDDSနှင့် မလှိင် ပကဖ တိုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article