25 C
Yangon

တာမခန်စစ်စခန်းမှ ဆုတ်ခွာသွားသည့် စစ်သား ၁၆ ဦးကို KIA က လိုက်လံတိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၁၄ ဦးအရှင်ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ မတ် ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ တာမခန်စစ်ကောင်စီတပ်စခန်းမှ ဆုတ်ခွာသည့် စစ်သား ၁၆ ဦးကို KIA က လိုက်လံတိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၁၄ ဦးအရှင်ဖမ်းဆီးရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ၏ တာမခန် စစ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ တာမခန်စခန်းမှ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းနှင့်အဖွဲသည် ကသိုင်းတောင်သို ဆုတ်ခွာသွားခဲ့ပြီး မတ်လ ၁၀ ရက်နေ့ KIA ၏ တိုက်ခိုက်မှုကြောင့် ကသိုင်းတောင်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထိုပြင် ဖားကန့်မြိုနယ်၊ တာမခန်စခန်းနှင့် ကသိုင်းတောင်စခန်းမှ စစ်ကောင်စီတပ်များသည် မတ်လ ၁၁ ရက်နေ့ နံနက် ၃ နာရီတွင် ကား ၅ စီးဖြင့် ဆိုင်းတောင်ဘက်သို ထပ်မံဆုတ်ခွာခဲ့ပြီး အဆိုပါ ယာဉ်တန်းကိုလည်း KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားများ ပျက်စီးခဲ့ကြောင်း၊ စစ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထိုအတူ ယမန်နေ့ မတ်လ ၁၂ ရက်နေ့တွင်လည်း တာမခန်စခန်းမှ ထပ်မံဆုတ်ခွာလာသော စစ်သားများကို KIA နှင့် PDF တပ်များက လိုက်လံ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ၊ ဗိုလ်မှူးနှင့် စစ်သား အပါအဝင် ၂ ဦးသေဆုံးပြီး ၁၄ ဦးအရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

“အခုထပ်မိတဲ့ အဖွဲက တာမခန်က အဖွဲတွေပဲ။ သူတိုမိတာက မှော်ရှန်ကျေးရွာ ဆု တောင်း တောင်မှာ ပုန်းနေတုန်းမိတာ။ ဝင်တိုက်တာ ဗိုလ်မှူး ၁ ဦး နဲ့ စစ်သား ၁ ဦးသေတယ်။ ကျန် ၁၄ ဦးကို လက်နက်ခဲယမ်းတွေနဲ့ မိတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article