■ ဖားကန့်-ဝှေခါ၊ ဖားကန့်-တာမခန်လမ်းတိုကို KIA က အပြည့်အ၀ ထိန်းချုပ်
ရန်ကုန်၊ မတ် ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ နန့်မှော် ၊ တန်သုံးထောင် စစ်ကောင်စီတပ်စခန်းကို စစ်သားများ စွန့်ခွာသွားသဖြင့် KIA တပ်များက နယ်မြေရှင်းလင်းပြီး သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်းတွင် နန့်မှော် တန်သုံးထောင် စစ်စခန်းကို စစ်သားများက စွန့်ခွာသွားခြင်းဖြစ်ကြောင်း၊ လှမောင်ကုန်းနှင့် ကသိုင်းတောင်ရဲစခန်းဘက်သို စစ်သားများ ဆုတ်ခွာသွားကြကြောင်း၊ စခန်းကို ရှင်းလင်းစဉ် လက်နက်ကြီးကျည်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
“တန်သုံးထောင်စခန်းလိုခေါ်တာက အဲဒီမှော်နားမှာ တန်သုံးထောင် ကျောက် စိမ်း တုံးကြီး ရဖူးလို တန်သုံးထောင် စခန်းလို ခေါ်တာ။ အဲဒါ ဒီမနက် အဲဒီစခန်းကနေ စစ်ခွေးတွေ ဆုတ်သွားပြီ။ လှမောင်ကုန်းကိုလည်းသွားတယ်။ ကသိုင်းတောင်ရဲစခန်းဘက်ကိုလည်း ဆုတ်ခွာသွားတယ်။ နယ်မြေရှင်းတော့ လက် နက်ကြီးကျည်ခဲယမ်းတချိုရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် KIA က တာမန်ရဲစခန်း၊ တာမခန် ခမရ ၁၁၉ စခန်းကုန်း၊ ကသိုင်းတောင်စစ်စခန်း၊ တန်သုံးထောင် စစ်စခန်းတိုကို ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင် စစ်တပ်ဘက်မှ စစ်ကောင်စီတပ်ဖွဲဝင် ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်စခန်း ၄ ခုကို သိမ်းပိုက်ပြီးနောက် ဖားကန့်-ဝှေခါ၊ ဖားကန့်-တာမခန်လမ်းတိုကို KIA က အပြည့် အ၀ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar