28 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၃ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က သင်္ဃန်းညီနောင်ခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ရင်းကို KNLA ပူပေါင်းတပ်တွေက သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြား သေကုန်ကြတဲ့အပြင် လက်နက် ၁၄၀ နဲ့ ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရရှိထားတယ်လို့ KNLA ဗဟိုဌာနချုပ်ကနေ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တာမခန် တပ်စခန်းကနေ ဆုပ်ခွာ ထွက်ပြေးသွားတဲ့ စစ်သား ၁၆ ဦးကို KIA နဲ့ မဟာမိတ်တပ်တွေကနေ လိုက်လံ တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်က ဗိုလ်မှုး ၁ ဦးနဲ့ စစ်သား ၁ ဦးက ပွဲချင်ပြီး သေသွားပြီး ၁၄ ဦးကို အရှင်ဖမ်းဆီးရမိထား တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၇ ဦးကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ဆွေးနွေးနေရပြန်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီးက အသိပေးလိုက်ပြီး ထွက်ပြေးလာတဲ့ သူတွေကို ထိန်းသိမ်း ကျွေးမွေးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article