တောင်သာမြို့နယ်၊ ဆည်ကလေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး
ရန်ကုန်၊ မတ် ၁၃
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆည်ကလေးကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦး သေဆုံးခဲ့ကြောင်း Myingyan District Drone Strike Team တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁၂ ရက်နေ့တွင် တောင်သာမြို့နယ်၊ ဆည်ကလေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးများ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ စစ်သား ၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းကြောင်း သိရသည်။
“အဲတိုက်ခိုက်မှုက စစ်ခွေး ၇ ကောင်သေပါတယ်။ စစ်ခွေး အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ စစ်ခွေးတွေကိုတော့ တောင်သာမြို့ကို နာရေးကား ၂ စီးနဲ့ သယ်သွားတယ်လို့ သိရတယ်” ဟု Myingyan District Drone Strike Team တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ထိုတိုက်ခိုက်မှုကို Myingyan District Drone Strike Team ၊ Shar Htoo Waw နည်းပညာ တပ်ဖွဲ့Team 2 ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၈ ၊ မလှိုင်မြို့နယ် ပကဖ နှင့် MHLG Wing တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။