34 C
Yangon

ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကျောင်း ဆရာ ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

Must read

ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကျောင်း ဆရာ ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ မတ်လ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာ၊ စာသင်ကျောင်းအတွင်း မြို့နယ်အဆင့် အစည်းအဝေးကျင်းပပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင် စီတပ်က ဂျက်လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ကျောင်းဆရာ ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး မြို့နယ် ပအဖအဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စာသင်ကျောင်းဆောင်များနှင့် မော်တော်ယာဉ်တစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

“သတင်းပေါက်ကြားတယ်လို့ ယူဆရပါတယ်။ အစည်းအဝေးလုပ်နေတဲ့အချိန်ကို လာပြီး ဗုံးကျဲတာမို့ သတင်းပေါက်ကြားမှုလို့ ပြောလို့ရတယ်။ အစည်းအဝေးကလည်း အဲဒီဒေသ ဖွံ့ဖြိုးရေးနဲ့ ပညာရေး၊ ကျန်းမာရေးအတွက်ပါ။ စစ်သင်တန်းပေးနေတာလည်းမဟုတ်ဘူး ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းတစ်ခုကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ပြီး ယခုဗုံးကျဲ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကျူးလွန်သူ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ကျူးလွန်ခဲ့သည့် ပြစ် ဒဏ်အတိုင်း တာဝန်ယူရမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article