31 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ခင်ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

နတ်တလင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ခင်ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၁၄

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာနေ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခင်ဇော်ဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း နတ်လင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၂ ရက်နေ့ ည ၁၂ နာရီအချိန် နတ်တလင်းမြို့နယ်အရှေ့ဘက် ဘန်းဘွေးကုန်းရွာတွင်နေထိုင်သော ခင်ဇော်ဝင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြောင်း၊ ၎င်းသည် PDF ရဲဘော်များ၏ လှုပ်ရှားမှုများ၊ မိသားစုဝင်များ အ ကြောင်းကို စုံစမ်းကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေးပို့နေကြောင်း၊ တော်လှန်ရေးတပ်များက အကြိမ်ကြိမ် သတိ ပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရတာမျိုးတွေရှိတယ်၊ တစ်ချို့မိသားစုဝင်တွေ ရှောင်ပြေးရတာတွေရှိတယ်၊ အဲဒါကြောင့် ဆက်ပြီး မလုပ်ဖို့လည်း အကြိမ်ကြိမ်သတိပေးတားမြစ်ပြီး ပြီ၊ သူက မရပ်ဘဲ ဆက်လုပ်နေသလို့ ရှင်းလင်းလိုက်ရတာပါ၊ ကျနော်တို့လည်း မလုပ်ချင်ပါဘူး၊ မလုပ် လို့ရှိရင်လည်း တော်လှန် ရေး အချိန်နှောင့်နှေးမှာနဲ့ တော်လှန်ရေးရဲဘော်တွေ၊ မိသားစုဝင်တွေအပေါ် အမျိုးမျိုးဒုက္ခပေးနေမှာကြောင့် အခုလို ရှင်းလင်းလိုက်ရတာပါ” ဟု နတ်လင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ သုတ်သင်ရှင်းလင်းမှုကို သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ ၊ Phoenix DF မိုးကြိုး ဘီလူးစစ်ကြောင်းမှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူး ပေါင်းကာ သတင်းပေးခြင်း၊ ထောက်ပံ့ကူညီခြင်းလုပ်နေသူများကို ဆက်လက် သုတ်သင် ရှင်းလင်း သွားမည် ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ အနီးကပ် နေထိုင်ခြင်းများ မပြုလုပ်ကြရန် သတိပေးတားမြစ်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article