25 C
Yangon

မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းရွာမှ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦးကို စစ်တပ်က အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ ဖျောက်ဖျက်၊ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းရွာမှ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦးကို စစ်တပ်က အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ ဖျောက်ဖျက်၊ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၁၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းရွာမှ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်တပ်က အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ ဖျောက်ဖျက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းကျေးရွာကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ရွာထဲ၌ စခန်းချ တပ်စွဲထားစဉ် အသက် ၂၀ အရွယ် မမိုးစန္ဒာ(ခ)နိုးဒစ် သည် နေအိမ်တွင် ပစ္စည်းများ လာရောက်ယူဆောင်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စစ်ဆေးမေးမြန်းရန် ရှိသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မမိုးစန္ဒာ ကို အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

“မြင်းခြံမြို့နယ် ဆိတ်ကုန်းကျေးရွာကို ၁၂ ရက်နေ့ ညက စစ်ခွေးတွေ မီးရှို့ဖျက်ဆီးတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ စစ်ခွေးတွေရွာထဲမှာ တပ်စွဲထားတုန်း မမိုးစန္ဒာ (ခ) နိုးဒစ် က နေအိမ်မှာ ပစ္စည်းတချို့ ပြန်ယူဖို့ အလာ စစ်ခွေးတွေနဲ့တွေ့ပြီး ဖမ်းဆီး ခံလိုက်ရတာ စစ်ခွေးတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတာပါ အတင်းအဓမ္မ ပြုကျင့်ခံထားရပြီးမှ မသေမရှင် မီးရှို့ခံထားရတာပါ။ အဲဖြစ်စဉ်ကို စစ်ခွေးတွေ စခန်းချနေတုန်း ထမင်းဟင်းချက်ဖို့ အတင်းစေခိုင်းခံရတဲ့ ဆိတ်ကုန်းရွာသူတစ်ဦးက မြင်တွေ့ခဲ့ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မမိုးစန္ဒာ ၏ ရုပ်အလောင်းကို မီးလောင်ပြာကျနေသော နေအိမ်အတွင်း ပြန်လည် တွေ့ရှိခဲ့ပြီး ယင်း ရုပ်အလောင်းမှာ ပျောက်ဆုံးနေသူ မမိုးစန္ဒာ ဖြစ်ကြောင်း ရွာသူ ရွာသားများက အတည်ပြုနိုင်ခဲ့ပြီး ရုပ်အလောင်းဘေးတွင် လွယ်အိတ်နှင့် ၎င်းစီးနေကျ ဖိနပ်ကိုတွေ့မြင်ခဲ့ကာ ရုပ်အလောင်းကို မြေမြုပ်သဂြိုလ်လိုက်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article