26 C
Yangon

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု လေတပ်အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး လေယာဉ်ထိမှန်မှုရှိနိုင်ဟုဆို

Must read

ရန်ကုန်၊ မတ် ၁၅

ပဲခူးတိုင်း၊ တောင်ငူမြိုနယ်၊ တောင်ငူလေတပ်စခန်းကို ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ည ၈ နာရီ ၄၄ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းအတွင်းသို Brave Warriors for Myanmar (BWM) အဖွဲ၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲက ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ၃ လုံးမှာ စစ်ကောင်စီ၏တပ်စခန်းအတွင်း အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ ပစ္စည်းချွတ်ယွင်းမှု ဖြစ်ခဲ့ကြောင်း သိရှိရသည်။

တောင်ငူလေတပ်စခန်းသည် တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသော စစ်ကောင်စီ၏ အဓိကလေတပ်စခန်းတစ်ခုဖြစ်ပြီး ကရင်ပြည်နယ် စစ်ကိုင်းတိုင်း၊ ကရင်နီဒေသ၊ ရှမ်းပြည်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ တိုအပါအဝင် နိုင်ငံတဝှမ်း ကလေးသူငယ်ပါမကျန် ပြည်သူများကို ရက်စက်နေသော စစ်ကောင်စီ လေတပ်၏ ယုတ်မာမှုကို လက်တုန့်ပြန်သောအားဖြင့် BWM နှင့် မဟာမိတ်အဖွဲက ယခုကဲ့သိုတိုက်ခိုက်ခြင်းဖြစ်ကြောင်း BWM အဖွဲက ထုတ်ပြန်ပြောဆိုသည်။

“နောက်ဆက်တွဲသတင်းအနေနဲ့ထပ်ပြောရမယ်ဆိုရင် ပစ်လိုက်တဲ့ ငါးလုံးထဲက သုံးလုံးစလုံးလေတပ်စခန်းထဲကျရောက်သွားပါတယ်၊ နှစ်လုံးက ပစ္စည်း Error တက်ခဲ့ပါတယ်၊ ကျရောက်တဲ့သုံးလုံးထဲက တစ်လုံးက လေယာဉ် ကိုထိတယ်လိုသိရတယ်၊ နောက်တစ်လုံးက လက်နက်တပ်ဆင်ရုံနားကျရောက်သွားတယ်လိုသိရတယ်၊ နောက်တစ်လုံးက ဆီသိုလှောင်ရုံနဲ့မလှမ်းမကမ်းကိုကျရောက်တယ်လိုသိရပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထိုကဲ့သို တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုအတွင်း စစ် တပ်စခန်း၏ ထိခိုက်ပျက်စီးမှုနှင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုအခြေ အနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း BWM အဖွဲနှင့် တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

တောင်ငူမြိုနယ်မှ ဒေသပြည်သူများကလည်း ယမန်နေ့ ညပိုင်း ပစ်ခတ်ပေါက် ကွဲသံတချို လေတပ်စခန်းဘက်မှ ကြားရကြောင်း အတည်ပြု ပြောဆိုကြသည်။

ဓာတ်ပုံ – ရန်ကုန်တွင် ယမန်နှစ် မင်္ဂလာဒုံလေတပ်ကို ပစ်ခတ်ခဲ့သော ရှော့တိုက် ဒုံးများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် ယမန်နှစ် မင်္ဂလာဒုံလေတပ်ကို ပစ်ခတ်ခဲ့သော ရှော့တိုက် ဒုံးများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article