26 C
Yangon

မြောင်မြိုနယ်၊ ကျောက်ရစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ မြောင်မြိုနယ်၊ ကျောက်ရစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်း ခရိုင် အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို ပြောကြားသည်။

မတ်လ ၁၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်မှ ၁ နာရီ အချိန်ခန့်အထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အခြေချနေထိုင်သည့် ကျောက်ရစ်စခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက် ရေး Fixed Wings Drone များဖြင့် AIR BOMB ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား များ နေထိုင်ရာ စခန်းအတွင်းသို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်ပါတယ်၊ သတင်းအတိအကျ မသိရသေးတာပဲရှိတာ၊ ဗုံးချတော့ ပြန် ပစ်နိုင်ဘူး၊ ကတုတ်ကျင်းထဲ ပြေးဝပ်ကြတယ်” ဟု စစ်ကိုင်း ခရိုင် အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင်အမှတ် ၈ တပ် ရင်း -NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း နှင့် CHAUK PDF တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်ရေးဒရုန်းတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article