34 C
Yangon

ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး စစ်ကြောင်း မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ ပျက်စီး

Must read

ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး စစ်ကြောင်း မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ ပျက်စီး

ရန်ကုန်၊ မတ် ၁၅

ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး စစ်ကြောင်း မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်မှ ၉ နာရီ ၅၉ မိနစ်ထိ လယ်ဒိုမြို့နယ်ရှိ ဘောကထာ၊ ပဒဲကောင်း၊ ဘီလေ၊ ဘုရာကြီးအောက်ကွင်း နှင့် ဘုရားဇီးကုန်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၅၅ မမ ၅ လုံး နှင့် ၈၁ မမ ၄ လုံး တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၅၅ မမ လက်နက်ကြီး ၂ လုံးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ပြီး တုံးတံတား အရှေ့ကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

မတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်သံကွင်းမှနေ၍ ဒရုန်းများ လွတ်တင်ကာ သပြေကုန်း ကျေးရွာအတွင်းကို ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ သပြေကုန်းရွာသူ နော်နီသောစေး ညာလက်မောင်း ထိမှန်ကာ နွားမကြီး ၁ ကောင် လည်း ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက အနန်းတဲ နေရာကို ဝင်ရောက် စီးနင်းပြီး ဦးထွန်းသန်း နေအိမ် အပါအဝင် ပျက်စီးတန်ဖိုး ကျပ်သိန်း ၁၅၀ ၊ ကိုသန်းလှိုင် နေအိမ် အပါအဝင် ပျက်စီးတန်ဖိုး ကျပ်သိန်း ၃၀ ၊ ကိုဝင်းညွှန့် နေအိမ် အပါအဝင် ပျက်စီးတန်ဖိုး ကျပ်သိန်း ၈၀ ၊ ကိုအောင်အောင် နေအိမ် အပါအဝင် ပျက်စီးတန်ဖိုး ကျပ်သိန်း ၃၀ ၊ ဦးပေါက်ကွင်း နေအိမ် အပါအဝင် ပျက်စီးတန်ဖိုး ကျပ်သိန်း ၂၀ ၊ ကိုမိုးဟိန်း နေအိမ် အပါအဝင် ပျက်စီးတန်ဖိုး ကျပ် ၁၀ သိန်း နှင့် ကိုဇေယျာ နေအိမ် အပါအဝင် ပျက်စီး တန်ဖိုး ကျပ် ၁၀ သိန်းခန့် မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၁ ရက်နေ့ ည ၇ နာရီ ၅၁ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၅၅ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ ဘောကထာ အရှေ့ဘက် ထုံးဘိုချောင်း အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ည ၈ နာရီ ၂၈ မိနစ်ခန့်တွင်လည်း ရေတံခါးရှ် အကြမ်းဖက် စ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ နတ်သံကွင်း အနီးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃၆ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး တောင်ခင်ကျေးရွာ အတွင်းကို ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနေ့ ည ၈ နာရီ ၂၈ မိနစ်နှင့် ၉ နာရီ ၂၃ မိနစ်ခန့်တို့တွင်လည်း ၁၅၅ မမ လက်နက်ကြီး ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကော်သဇင်အရှေ့ဘက် ရာဘာခြံနှင့် ဘုရားကြီး အရှေ့ဘက် ထုံးဘိုချောင်းဘက်တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၉ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၅၅ မမ လက်နက်ကြီး ၂ လုံးအား ပစ်ခတ်ခဲ့ရာ ဘောကထာရွာနှင့် မာဘီစကျရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကလည်း ကပလယ်ဒို (ကုလာာတဲ) တွင် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံး ၅ လုံး ကျဲချ တိုက်ခိုက်ကာ အော်လီဂန်းဖြင့် ၁ ကြိမ် အသက် ၁၇ နှစ်အရွယ် မောင်ဝင်းသန်းနိုင် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၂၇ နှစ်အရွယ် သန်းထိုက် လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး ၃ လုံး၊ မီးစက် ၁ လုံး နှင့် ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဆောထိမြို့နယ် KNU အမှတ် ၁ ဒေသအတွင်းရှိ သရက်ချောင်းရွာသား အသက် ၂၀ အရွယ် မောင်ခိုင်လိုင်းအောင်သည် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်လတောင်ခြေရင်းတွင် ရေပိုက်သွားကြည့်စဉ် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိပြီး ခလရ−၂၀ တပ်ရင်းက ကောက်ကွေ့တွင် အခြေချပြီး ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ပစ်ခတ်ခဲ့ရာ ဂွင်းကုန် သီဟိုခြံ အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article