27 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၄ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်မှ ၁၀ နာရီ မိနစ် ၃၀ ခန့်အထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အခြေနေထိုင်လျက်ရှိသော မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ရဲ စခန်း အတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

“စခန်းထဲတော့ ကျတယ်၊ အခုနောက်ပိုင်းက ထိခိုက်သေဆုံးသွားလည်း စုံစမ်းလို့မရဘူး၊ ပြန်လည် ပစ်ခတ်တာတွေတော့ အခုနောက်ပိုင်းမလုပ်ကြတော့ဘူး၊ ဗုံးချတာနဲ့ ကတုတ်ကျင်းထဲ ပြေးပုန်းနေ ကြတော့တာ၊” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင် မဟာ မိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်းတပ်ခွဲ ၂ ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း ၊ CHAUK PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article