25 C
Yangon

ပေါင်းတည်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ နတ်ရေတွင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ဖျက်ဆီး

Must read

ပေါင်းတည်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ နတ်ရေတွင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၁၆

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကိုင်းဖျားရွာမှ ပေါင်းတည်မြို့နယ်ထဲသို့ ထွက်လာ​သည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ သစ်ပုတ်အုပ်စု၊ မကျီးစမ်းရွာတွင် ပြည်သူများ၏နေအိမ်အချို့ကို မီးရှို့ဖျက် ဆီးနေသည့် အကြမ်းဖက်စစ်သားများကို စနိုက်ပါနှင့် ပစ်ခတ်ခဲ့ရာ ၁ ဦး သေ ဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါ အကြမ်းဖက်စစ်ကြောင်းက ပြည်သူပိုင်တဲများကို မီးရှို့ပြီးနောက် ၂ ဖွဲ့ခွဲ ထွက်ခွာလာရာ ဗိုလ်ရုံတောင်ကြောတန်းပေါ်သို့ရောက်ရှိလာသော အဖွဲ့ကို မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲနှင့် ညနေ ၆ နာရီခွဲ အချိန်များတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း၏ တာဝန်ရှိသူက ဆိုသည်။

တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့၏ မိုင်းဆွဲမှုကြောင့် စစ်တပ် စစ်ကြောင်းမှာ ဆက်လက်မထွက်ခွာနိုင်တော့ဘဲ တိုက်ခိုက်ခံရသည့် နေရာတွင်ပင် တစ်ညတာ စခန်းချခဲ့ကြောင်း၊ မတ်လ ၁၅ ရက်နေ့တွင်မူ နံနက် ၆ နာရီခွဲအချိန်၌ နတ်ရေ တွင်းရွာသို့ ဝင်ရောက်ကာရွာထဲမှ အိမ်အချို့နှင့် တဲတိုက်များကို ထပ်မံမီးရှို့ခဲ့ကြောင်း၊ ပေါင်းတည်မြို့နယ်အတွင်း တွင် နတ်ရေတွင်းရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသည်မှာ ၃ ကြိမ်မြောက်ရှိနေပြီဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article