25 C
Yangon

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို ခြေကျင်းဒေါက်ခတ်ပြီး ၃ လကြာ သည်အထိ တိုက်ပိတ်ထား

Must read

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို ခြေကျင်းဒေါက်ခတ်ပြီး ၃ လကြာ သည်အထိ တိုက်ပိတ်ထား

ရန်ကုန်၊ မတ် ၁၆

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို ခြေကျင်း ဒေါက် ခတ်ပြီး ၃ လကြာသည်အထိ တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်း သားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ ၈၈ မျိုးဆက်နိုင်ငံရေးအကျဉ်းသား ဖြစ်သည့် ဦးထင်ကျော်၊ ကိုဇော်နိုင်ထွန်း ၊ကိုမျိုးမင်းဦး၊ ကိုဗလကြီး၊ ကိုရဲမင်းထွေး၊ ကိုချမ်းမြေ့ကိုကို၊ ကိုလှဦးမောင်၊ ကိုဝေမင်းအောင်၊ ကိုကျော်သက်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို တရားမဝင်ပစ္စည်းများကိုင် ဆောင် သည် ဟုအကြောင်းပြ၍ ထောင်အာဏာပိုင်များက မျက်နှာကို ခေါင်းစွပ်များစွပ်ကာ လက်ထိပ်‌နောက် ပြန်ခတ်ခေါ်ဆောင် ရိုက်နှက်ပြီး ခြေကျင်းနှင့်ဒေါက်ခတ်ကာ ယနေ့အထိ တိုက်ပိတ်ထားခဲ့ကြောင်း သိရသည်။

လက်ရှိ ခြေကျင်းခတ်ခံရသူများထဲတွင် အသက်၂၀ နှစ် မှ ၆၀ နှစ် အတွင်း နိုင်ငံရေးအကျဉ်းသားများ ပါဝင်ပြီး မတရား ပုဒ်မ ၅၄(က)၊ ၅၂(က)၊ ၁၉(စ)၊ ဖောက်ခွဲ(၃) တို့ဖြင့် အမိန့်ချခံထားရသူများဖြစ် ကြောင်း ၎င်းတို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစ၍ ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ ရက်ပေါင်း ၁၃၀ ကျော်ကြာ‌သည့်တိုင်အောင် သံခြေကျင်း‌ဒေါက်များခတ်ကာ အ လုပ်ကြမ်း များလည်း ခိုင်းစေလျက်ရှိ‌ကြောင်း သိရသည်။

အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ (၅၇)တွင် မည်သည့် အကျဉ်းသားကိုမဆို ရက်ပေါင်း ၉၀ ထက် ကျော်သည့် ခြေကျင်းခတ်ခြင်းများကို မပြုလုပ်ရန် ပြဠာန်းထားပြီး ပုဒ်မ ၅၈ တွင် အရေးပေါ်ကိစ္စမှ အပ ထောင်မှူးသည် အကျဉ်းသားများအား ခြေကျင်းမခတ်ရ ဟု ထောင်လက်ဆွဲဥပဒေတွင် တရား ဝင် ပြဌာန်းထားကြောင်း၊ သို့ သော်လည်း အာဏာသိမ်းပြီးချိန်မှ စ၍ ထောင်အာဏာပိုင်များက အ ကျဉ်းထောင်လက်ဆွဲ ဥပဒေကို လိုက်နာတော့ခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အ ကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“အကျဉ်းထောင်ရဲ့ လက်စွဲဥပဒေတွေကို အဓိကချိုးဖောက်နေတာက ထိန်းသိမ်းခံထားရတဲ့ အကျဉ်း သားတွေမဟုတ်ပဲနဲ့ အဲဒီအကျဉ်းထောင်မှာ တာဝန်ယူအုပ်ချုပ်နေတဲ့ ထောင်အာဏာပိုင်တွေနဲ့ တာဝန်ခံအရာရှိ ထောင်ဝန်ထမ်းတွေဖြစ်တယ်ဆိုတာ ပြည်သူတွေကို အသိပေးချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်- PPNM မှ ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ထောင်အာဏာပိုင်များသည် လုပ်ပိုင်ခွင့်အာဏာကို အသုံးချ၍ လူ့အခွင့်အရေးချိုးဖောက် မှုများကို ပေါ်ပေါ်တင်တင်ကျူးလွန်လျက်ရှိနေကြဆဲဖြစ်ကြောင်း၊ လူ့အခွင့်အရေး ကြေညာစာတမ်း ၏အပိုဒ် ၄ တွင် မည်သူ့ကိုမျှ အတင်းအကျပ် ကျွန်ပြုခြင်း ခိုင်းစေခြင်း မပြုရ ဟူ၍လည်းကောင်း၊ အပိုဒ် ၅ တွင် မည်သူ့ကိုမှ ညှဉ်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန် စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ သို့တည်းမဟုတ် မတရား ပြစ်ဒဏ်ပေးခြင်းများ မပြုရဟူ၍ လည်းကောင်းကြေညာထားကြောင်း သိရသည်။

ယခုကဲ့သို့ ရာထူးအာဏာကို အသုံးချ၍ မတရားခြေကျင်း နှင့် ဒေါက်များခတ်၍ အလုပ်ခိုင်းစေခြင်း သည် လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် ၄ နှင့် ၅ ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေခြင်း ဖြစ်ကြောင်း၊ အကျဉ်း ထောင်များအတွင်းတွင် လူ့အခွင့်အရေးဆုံးရှုံးမှု၊ အကျဉ်းသားအခွင့်အရေးဆုံးရှုံး မှု များသည် မြန်မာပြည်တစ်ဝန်း အကျဉ်းထောင်များ၌ ဖြစ်ပွားလျက်ရှိနေကာ လျော့ကျသွားခြင်း မရှိဘဲ ပို၍ပင် ဆိုးရွားလျက်ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article