ဘော်စတွန်မြို့တွင် တော်လှန် ရုပ်ရှင်ဇာတ်လမ်းတို ၄ ကားကို World Premiere Show အဖြစ်ပြသ
ရန်ကုန်၊ မတ် ၁၇
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့တွင် တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေ ဖန်တီးရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်လမ်းတို ၄ ကားကို ပွဲဦးထွက် ပထမဆုံး “World Premiere Show” အဖြစ် ပြသခဲ့ကြောင်း သိရှိရသည်။
“သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ” အနုပညာလှုပ်ရှားမှု၏ အစီအစဥ်တစ်ခုအနေနှင့် ပြသခဲ့ခြင်းဖြစ်ပြီး ပွဲမှ ရရှိလာသည့် ရန်ပုံငွေများကို တော်လှန်ရေး၏ လိုအပ်သည့်နေရာများတွင် အားဖြည့်နိုင်ရန်အတွက် စီးဆင်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။