28 C
Yangon

ဟိုပုံးမြို့နယ်၊ ကျောက္ကဆျာကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ ပျက်စီး

Must read

ဟိုပုံးမြို့နယ်၊ ကျောက္ကဆျာကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ မတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကျဲချတိုက်ခိုက်ရာ နေအိမ်များ ထိခိုက်ပျက်စီးကြောင်း PNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ကျောက္ကဆျားရွာကို ပေါင် ၅၀၀ ဗုံးဖြင့် ၂ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ထိုသို့ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၄ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မတ်လ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီက ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာကို ပေါင် ၅၀၀ ဗုံးများ မီးလောင်ဗုံးများဖြင့် တစ်ရက်တည်းအတွင်း ၆ ကြိမ်တိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်၂ လုံး ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article