25 C
Yangon

မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်အတွင်း အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှု ၃ ဆခန့် ပိုမို မြှင့်တက်လာ

Must read

ရန်ကုန်၊ မတ် ၁၈

မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်အတွင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု သည် ၂၀၂၂ ခုနှစ် ထက် ၃ ဆခန့် မြင့်တက်ခဲ့ကြောင်း Myanmar Labour News က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Myanmar Labour News အနေနှင့် ၂၀၂၂ ခုနှစ်အတွင်း ဖော်ပြခဲ့သည့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုသတင်းသည် ၁၆၄ ကြိမ်သာ ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင်မူ ၄၃၅ ကြိမ်အထိ ရှိလာသည့်အတွက် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

အလုပ်သမားများသည် ၂၀၂၃ ခုနှစ်အတွင်းတွင် ဥပဒေအခွင့်အရေး ချိုးဖောက်ခံရခြင်းများအပြင် လွတ်လပ်စွာ သမဂ္ဂဖွဲ့စည်းခွင့်များ၊ ခြောက်ခြောက်မှုများ၊ ရပိုင်ခွင့် ဖြတ်တောက်ခံရခြင်းများ၊ လုပ်အားခေါင်းပုံဖြတ်ခံရခြင်းများပါ ရင်ဆိုင်ခဲ့ရပြီး တိုင်ကြားရန်အတွက်ပါ အခက်အခဲများ တွေ့ကြုံလာရကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအတွက် သတင်းဖော်ပြခံခဲ့ရသည့် စက်ရုံ အလုပ်ရုံ ၁၆၄ ရုံနှင့် အေဂျင်စီ လုပ်ငန်း ၂ ခုရှိခဲ့ကြောင်း၊ အထည်ချုပ်စက်ရုံများသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုအများဆုံးဖြစ်ကာ သစ်အချောထည် လုပ်ငန်း၊ ဆပ်ပြာ၊ရော်ဘာ၊ ပလတ်စတစ်၊ အလူမီနီယံ၊ ပန်းချီဘောင်လုပ်ငန်း၊ ငါးမျှားပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း စသည့် လုပ်ငန်းခွင်များက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများလည်း ပါဝင်ကြောင်း Myanmar Labour News ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလုပ်သမားအခွင့်အရေးများကို အများဆုံးချိုးဖောက်နေသည့် စက်ရုံလုပ်ငန်းပိုင်ဆိုင်သူများ၏ ၇၅ ရာခိုင်နှုန်းနီးပါးသည် တရုတ်အမျိုးသားများ ဖြစ်ကြပြီး ပြည်ပနိုင်ငံများမှ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားနှင့် ဂျပန်နိုင်ငံသားများသည် ဒုတိယအများဆုံးဖြစ်ပြီး ၆ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တခြားအလုပ်သမားအခွင့်အရေးချိုးဖောက်သည့် လုပ်ငန်းပိုင်ဆိုင်သူများမှာ ထိုင်ဝမ်၊ ကိုရီးယား၊ ထိုင်း၊ သီရိလင်္ကာ၊ ဂျာမနီ၊ ဟောင်ကောင်တရုတ်နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ကြကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့ပြင် အလုပ်သမားအခွင့်အရေးအများဆုံးချိုးဖောက်နေသည့် စက်မှုဇုန်များမှာ ရွှေလင်ဗန်းစက်မှုဇုန်၊ ဝါးတရာစက်မှုဇုန်၊ သာဓုကန် စက်မှုဇုန်၊ ပုသိမ်စက်မှုဇုန်၊ ရွှေသံလွန်စက်မှုဇုန်နှင့် ရွှေပြည်သာ စက်မှုဇုန်များ ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်တွင် အလုပ်သမားများကို ငွေကြေးဖြတ်တောက်မှုသည် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံးဖြစ်ပြီး အချိန်ပိုခေါ်ခြင်း၊ လုပ်ငန်းခွင်အတွင်း ဆဲဆိုခြင်း၊ ခွင့်မပေးခြင်း၊ ဖိအားပေးခိုင်းစေခြင်း၊ လုပ်ငန်းခွင်ဆိုးရွာခြင်း၊ လုပ်ငန်းခွင် ခွဲခြားဆက်ဆံခြင်း၊ နေ့စားနှင့် ကလေးအလုပ်သမားချိုးဖောက်ခံရခြင်း၊ စံချိန်တိုးတောင်းခြင်း၊ အလုပ်ထုတ်ခြင်း စသည့် လုပ်ငန်းခွင်အတွင်း အခွင့်အရေးချိုးဖောက်မှုများလည်း ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ထို့ပြင် အလုပ်သမားများသည် ၂၀၂၃ ခုနှစ်အတွင်း ခေတ်ကာလနှင့် အညီ လုပ်ခလစာပေးရန် တောင်းဆို ဆန္ဒပြမှုအများအပြားဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ ဆန္ဒပြမှုများအတွက် ခေါင်းဆောင် ၁၂ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း၊ စစ်အုပ်ချုပ်ရေးတွင် အလုပ်သမား သမဂ္ဂများ မလိုဘူးဟူ၍ စကားများလည်း ပြောဆိုခဲ့ကြောင်း၊ အနည်းဆုံးလုပ်ခ တိုးမြှင့်သတ်မှတ်ပေးခြင်းမရှိခဲ့ဘဲ ထောက်ပံ့ကြေးအဖြစ် ၁၀၀၀ ကျပ် ပေးရန် ညွှန်ကြားခဲ့သော်လည်း စက်ရုံအချို့မှာ လိုက်နာခြင်းမရှိကြောင်း Myanmar Labour News ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ အလုပ်သမားများသည် ၂၀၂၃ ခုနှစ်အတွင်း အလုပ်သမားခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် မချုပ်ဆိုခြင်းနှင့် စာချုပ် ချိုးဖောက်ခံရခြင်းများ၊ လူမှုဖူလုံရေးအာမခံနှင့် ပတ်သက်၍ လုပ်ဆောင်မပေးခြင်း၊ စက်ရုံပိတ်သိမ်းသော်လည်း လျော်ကြေးမပေးခြင်း၊ အများပြည်သူ အလုပ်ပိတ်ရက်များကို ရက်အစားဆင်းခိုင်းခြင်း၊ ကိုယ်ဝန်ဆောင်အလုပ်သမားများကို အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်း၊ အလုပ်ချိန် ကျော်လွန်ခိုင်းစေခြင်း စသည့် အခွင့်အရေးချိုးဖောက်မှုများလည်း ကြုံတွေ့ ခံစားခဲ့ရကြောင်း Maynmar Labour News ၏ အစီရင်ခံစာတွင် ပါရှိသည်။

အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံများတွင် ချုပ်လုပ်နေသည့် ကုန်အမှတ်တံဆိပ်များတွင် Zara, Sinsay, H&M, FieldCore,PRIMARK, REGATTA, Inditex, House, MOHITO,Only,OVS , esmara,RESERVED တို့ ပါဝင်နေပြီး ထိုအထဲတွင် zARA, H&M,PRIMARK တို့သည် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာထားကြောင်း သိရှိရသည်။

နိုင်ငံတကာတွင် အထည်ချုပ်ခအဖြစ် ၁၀ ဒေါ်လာဝန်းကျင်ပေးရသော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်သားများသည် ၁ ဒေါ်လာခွဲကျော်ကျော်နှင့် လုပ်ကိုင်ပေးရသည့်အပြင် အလုပ်သမားအခွင့်အရေးများပါ ချိုးဖောက်ခံနေရခြင်းဖြစ်ကြောင်း Myanmar Labour News ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article