လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် တော်လှန်ရေးရုပ်ရှင်ပြပွဲ ပြုလုပ်
ရန်ကုန်၊မတ် ၁၈
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ကာ ကျေးလက်အခြေပြု လူထုစည်းရုံးရေးနှင့် လှုပ်ရှားမှုနှင့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ရုပ်ရှင်ပြခဲ့ကြောင်းသိရသည်။
အဆိုပါလှုပ်ရှားမှုတွင် တော်လှန်ရေးနှင့် သက်ဆိုင်သည့် ရုပ်ရှင်ဇာတ်လမ်းတိုအချို့ပြသခဲ့ပြီး လေ ကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးအန္တရာယ်ကို အရေးပေါ်ကာကွယ်နိုင်မည့် ဗုံးခိုကျင်းတူးသည့် နည်းစနစ်များကို ရှင်းလင်းပြသသည့် အစီအစဥ်များလည်းပြသခဲ့ကြောင်းသိရသည်။