25 C
Yangon

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့သဖြင့် စိုးရိမ်နေသော နမ္မတူမြိုခံ လူထုကို TNLA မှ ဗိုလ်ချုပ်တားဘုန်းကျော် သွားရောက်တွေ့ဆုံ

Must read

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့သဖြင့် စိုးရိမ်နေသော နမ္မတူမြိုခံ လူထုကို TNLA မှ ဗိုလ်ချုပ်တားဘုန်းကျော် သွားရောက်တွေ့ဆုံ

ရန်ကုန်၊ မတ် ၁၈

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့သဖြင့် စိုးရိမ်နေသော နမ္မတူမြိုခံ လူထုကို TNLA မှ ဗိုလ်ချုပ်တားဘုန်းကျော် သွားရောက်တွေ့ဆုံကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ် အပါအဝင် မြို့နယ် ၃ ခုကို စစ်ကောင်စီက မတ်လ ၄ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ကြောင်း၊ ယင်းသို့ ကြေညာမှုကြောင့် ပြည်သူများ စိုးရိမ်မှုများရှိနေခဲ့ကြောင်း၊ ထို့ကြောင့် တအာင်းတပ်မတော် PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ယနေ့ မတ်လ (၁၈)ရက်နေ့ နံနက်ပိုင်း၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

လူထုတွေ့ဆုံပွဲသို့ နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်၊ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး PSLF/TNLA၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အပြင် အုပ်ချုပ်ရေးဌာနမှ ဌာနမူး ဗိုလ်မှူးချုပ် တားဂူးဂျား၊ အုပ်ချုပ်ရေး ဒု-ဌာနမှုး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်နှင့် ဒေသတွင်း စစ်ဘက်ရေးရာမှ တာဝန်ရှိသူများနှင့် နမ္မတူမြိုနယ် အုပ်ချုပ်ရေးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

လူထုတွေဆုံပွဲတွင် ဗိုလ်ချုပ်တားဘုန်းကျော်က ညီနောင်မဟာမိတ်(၃)ဖွဲ ဆင်နွဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ PSLF/TNLA၏ ပေါ်လစီ မူဝါဒလမ်းစဥ်များ ရှင်းလင်းပြောကြားခြင်း၊ နမ္မတူမြိုနယ်အတွင်း ရှေ့ဆက် ဆောင်ရွက်သွားမည့် ပညာ‌ရေး၊ ကျန်းမာရေး လုပ်ငန်းစဥ်များ၊ ဒေသဖွံဖြိုးတိုးတတ်ရေးလုပ်ငန်းစဥ်များ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများနှင့် ဒေသခံလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေးတိုကို ရှင်းလင်းပြောကြားသည်။

ထိုကြောင့် ဗိုလ်ချုပ်တားဘုန်းကျော်က စစ်ကောင်စီတပ်၏ စစ်အုပ်ချုပ်ရေးအမိန့်နှင့်စပ်လျဥ်း၍ ဖြစ်နိုင်ဖွယ်ရာအခြေအနေများကို အသေးစိပ် ရှင်းလင်းပြောကြားကာ စစ်ကောင်စီတပ်၏ အရပ်သားလူထုအပေါ် ပြုကျင့်လေ့ရှိသည့် စစ်ရာဇဝတ်မှုများကို ပြည်သူများအနေဖြင့် အမြဲတစေ ဂရုပြုရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ယင်းနောက် PSLF/TNLA၏ အုပ်ချုပ်ရေးဌာနမူး ဗိုလ်မှူးချုပ်တားဂူးဂျားက နမ္မတူမြို့နယ်အတွင်း PSLF/TNLA၏ အုပ်ချုပ်ရေးယန္တရားများနှင့် ပြန်လည်ထူထောင်ရေးအစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ လူထုတွေ့ဆုံပွဲသို တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသား ရိုးရာယဥ်ကျေးမှုကိုယ်စားများနှင့် ဒေသခံ အရပ်သားလူထုများက နမ္မတူမြို့နယ်အတွင်း လိုအပ်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများ၊ ပရဟိတဆိုင်ရာလုပ်ငန်းများနှင့် သိရှိလိုသည်များကို မေးမြန်း၊ အကြံပြု ဆွေးနွေးခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဗိုလ်မှူးချုပ် တားဂူးဂျားတို့က အသေးစိတ်ရှင်းလင်းကြောင်း သိရှိရသည်။

နမ္မတူမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ ဒေသခံ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ဗမာ လီဆူ၊ ဂေါ်ရခါး၊ တရုတ်နှင့် တအာင်း အစရှိသည့် လူမျိုးများနှင့် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ စုစုပေါင်း လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article