25 C
Yangon

တန့်ဆည်မြို့နယ်၊ အင်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်ကြီး ၁ ပါး ထိခိုက်ဒဏ်ရာရ

Must read

တန့်ဆည်မြို့နယ်၊ အင်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်ကြီး ၁ ပါး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်ကြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ အင်းရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၅၀ အရွယ် ဦးထွန်းဝေ သေဆုံးခဲ့ပြီး ဘုန်းကြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်နှင့် ကျောင်းဘေးရှိ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်ကလည်း ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး နောက်ထပ် ထပ်မံ ဗုံးကျဲ မည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။

“မနေ့က အင်းရွာကို စစ်ခွေးတွေ လေယာဥ်နဲ့ ဗုန်းကျဲချသွားတာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်နဲ့ ကျောင်းဘေးကပ်လျှက်က နေအိမ်တွေ ပြိုကျသွားတယ်။ ကျေးရွာနေ ပြည်သူ ဦးထွန်းဝေ သေဆုံးတယ်။ ဦးဇင်းကြီး ၁ ပါးလည်း ဆေးကုသနေရတယ်။ ဘာတိုက်ပွဲမှ မရှိဘူးဘဲ ဗုံးလာကျဲတာ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်။ နောက်ထပ်လေယာဉ် လာမှာကို ပြည်သူတွေ ကြောက်နေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article