25 C
Yangon

ရေစကြို ခလရ ၂၅၈ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်သား ၁ ဦးကို မြိုင် ပကဖ က အရှင် ဖမ်းမိ

Must read

ရေစကြို ခလရ ၂၅၈ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်သား ၁ ဦးကို မြိုင် ပကဖ က အရှင် ဖမ်းမိ

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၈ တပ်ရင်းမှ ထွက်ပြေးလာသော အကြမ်းဖက် စစ် ကောင်စီတပ်သားတစ်ဦးကို မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းမှ ထွက်ခွာလာပြီး မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ် အကြမ်း ဖက်စစ်တပ်လက်အောက် ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတော့သဖြင့် ထွက်ပြေးလာခြင်းဖြစ်ပြီး ၎င်း ကို မြိုင်ပကဖမှ မတ်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရရှိသူ စစ်ကောင်စီတပ်သားမှာ အသက် ၂၆ နှစ်အရွယ်ရှိပြီး ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် တွင် နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းကို စစ်သားစုရေးအဖွဲ့မှ အလုပ်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင် ၍ ပင်လောင်း မြို့နယ်ရှိ တပ်သားသစ်သတင်းတန်းကို ပို့ဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။

ထိုသို့ စစ်သင်တန်းဆင်းပြီးနောက် ရေစကြိုမြို့ ခလရ ၂၅၈ တပ်အတွင်းသို့ ပို့ဆောင်ကာ ၂ ခန့်နားပြီး နောက် စစ်ကြောင်းထွက်ရာတွင် လိုက်ပါခဲ့ရကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးစဉ် ပြည်သူလူထု နေ အိမ်များအတွင်းရှိ တန်းဖိုးရှိ ပစ္စည်းများကို မွှေနှောက်ခိုးယူခြင်း၊ အသက်ကြီးရွယ်၊ ကလေးငယ် များ ပါမချန် စစ်ကြောင်းထွက်ရာလမ်းတလျှောက်၌ ဖမ်းဆီးခေါ်ဆောင်ခြင်းတို့ ကျူးလွန်ကြကြောင်း၊ စားသောက်ရာ၌လည်း မစားရတစ်ရက် စားရတစ်ရက်ဖြင့် နေထိုင်ခဲ့ရကြောင်း သိရသည်။

“စားတာသောက်တာကတော့ အဆင်မပြေဘူး၊ တစ်ခါတလေကျတော့လည်း စားရတယ်၊ တစ်ခါ တလေကျတော့လည်း ငတ်တယ်၊ ငတ်တာများတယ်၊စားရတစ်ရက်၊ မစားရတစ်ရက်ပဲ၊ စစ်တပ် ထဲမှာ မလုပ်ချင်တော့လို့ ထွက်ပြေးလာတာ၊ သူတို့က မကောာင်းတဲ့ကိစ္စတွေနဲ့ မကောင်းတဲ့ စိတ် တွေမွေး လာတော့ ကျနော်လည်း မလုပ်ချင်တော့ဘူး၊ ထွက်ပြေးလာတာ၊” ဟု ဖမ်းဆီးရရှိသူ စစ် သားက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article