26 C
Yangon

တောင်တွင်းကြီးတွင် စစ်မှုထမ်းဥပဒေအရ လူငယ်များကို စစ်သားအဖြစ် စု ဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးများနှင့်ဒေါက်တိုင်များကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူမည်ဟု ကြေညာ

Must read

တောင်တွင်းကြီးတွင် စစ်မှုထမ်းဥပဒေအရ လူငယ်များကို စစ်သားအဖြစ် စု ဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးများနှင့်ဒေါက်တိုင်များကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူမည်ဟု ကြေညာ

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ကူညီပေးနေသည့် အုပ်ချုပ်ရေးမှူးများနှင့် ဒေါက်တိုင်များကို စစ်ရေးအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားမည်ဖြစ်၍ ပြည်သူများ ပူးပေါင်းပေးရန် တိုက်တွန်းကြောင်း တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

တောင်တွင်းကြီးမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်၍ဖြစ်စေ၊ အားပေးကူညီ၍ဖြစ်စေ လိုက်ပါ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သူ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ စကစ အားပေး ဒေါက်တိုင်များကို အဖွဲ့အစည်းသော် လည်း ကောင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းသော်လည်းကောင်း မည်သူ မဆို အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီး အထူးပြောက် ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း ဥပဒေနှင့် ပတ် သက်၍ ဇောင်းကြွနေသည့် ထွေအုပ်၊ လဝက၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သေသေချာချာ တိတိကျကျ ပြုလုပ်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဆက်သွယ်ကာ ပူးပေါင်းကြရန် လေးစားစွာတိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article