26 C
Yangon

ပုလောမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် ကူညီဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပုလော PDF က သတိပေး

Must read

ပုလောမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် ကူညီဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပုလော PDF က သတိပေး

ရန်ကုန်၊ မတ် ၁၉

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် ကူညီဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပုလော PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ပုလောမြို့နယ်အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်ဝင် စေရန် ကူညီဆောင်ရွက်ခြင်း မပြုလုပ်ရန် သတိပေးလိုကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တောင်းဆိုချက်များကို လိုက်လျောကာ ပုလောမြို့နယ်အတွင်းရှိ လူငယ် လူရွယ်များကို ဖက်ဆစ် စစ်တပ်အတွင်း အတင်းအကျပ် ထည့်သွင်းပါက ပြုလုပ်ဆောင်ရွက်သူ တစ်ဦးစီတိုင်းကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ ပြည်သူတွေ တိုင်ကြားထားတဲ့ အုပ်ချုပ်ရေးမှူးတွေရှိပါတယ်။ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းမြင့်ဆိုတဲ့ တစ်ယောက်ကိုတော့ ဒေသပြည်သူတွေ တိုင်ကြားလာတာ များတယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပုလော PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီသည် “ပြည်သူ့စစ်မှုထမ်း” ဥပဒေကို အတည်ပြုကြေညာခဲ့ပြီး မြန်မာ ပြည်သူလူထုတရပ်လုံးကို ဖိနှိပ်ရန် ကြိုးပမ်းလာခဲ့ကြောင်း။ ၎င်းတို့၏ အကျိုးစီးပွားကို နောက်ဆုံးအချိန်ထိ ကာကွယ်ရန် လူငယ်လူရွယ် များကို ဖက်ဆစ် စစ်တပ်အတွင်း အတင်းအကျပ် သွပ်သွင်းရန် ဆောင်ရွက်လာခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပုလော PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article