27 C
Yangon

မြိုင်မြို့နယ်နှင့် ရွှေဘို တက္ကသိုလ်ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

မြိုင်မြို့နယ်နှင့် ရွှေဘို တက္ကသိုလ်ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွရွာရှိ ပျူစောထီးများကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ၁ ကြိမ်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီခန့်တွင် ၁ ကြိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်ထိ ၁ ကြိမ် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု ၃ ကြိမ် အတွင်း ပျူစောထီး ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်ရေး ဒရုန်း ၁ စီးနှင့် ကင်းထောက် ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myaing U.A.V Drone တပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း ၂ ၊ MPLတိုက်နယ် ၄ ပကဖ ၊ EarthQuake Defense Force ၊ မြိုင် ပကဖ တပ်ရင်း ၁ ခွဲ ၃ ၊ နဂါးနီတပ်ခွဲ ၁ နှင့် GOE Defense Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုတက္ကသိုလ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Buffalo Soldiers Freedom Force Drone တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ မတ်လ ၂၀ ရက် ညနေ ၂ နာရီ ၃၉ မိနစ်အချိန်တွ ရွှေဘိုတက္ကသိုလ်တွင် အင်အား ၂၀ ကျော်ရှိ ဘန်ကာကို Fixed Wings Drone များဖြင့် 1 kg ဗုံးသီး ၃ ကြိမ်ကျဲချတိုက်ခိုက်ခဲ့ရာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်သားများဘက်မှ ပြန်လည်ပစ်ခတ်မှုမရှိခဲ့သော်လည်း တတိယအကြိမ် တိုက်ခိုက်မှုအပြီးတွင် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို Buffalo Soldiers Freedom Force Drone တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင် ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားထိခိုက်သေဆုံး ၊ထိခိုက်မှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article