25 C
Yangon

မကွေးတိုင်းအတွင်း စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော်နေသူ အားလုံး အမြန်ဆုံး နုတ်ထွက်ရန် အမှတ် ၁ စစ်ဒေသ PDF က သတိပေး

Must read

မကွေးတိုင်းအတွင်း စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော်နေသူ အားလုံး အမြန်ဆုံး နုတ်ထွက်ရန် အမှတ် ၁ စစ်ဒေသ PDF က သတိပေး

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်းအတွင်း အကြမ်းဖက် စစ်တပ်၏ ညွှန်ကြားချက်များကို လိုက်ပါ ဆောင်ရွက်နေသူ အားလုံး အမြန်ဆုံး နုတ်ထွက်ရန် မကွေးခရိုင်ကွပ်ကဲရေးရုံး အမှတ် ၁ စစ် ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော်က မတ်လ ၂၀ ရက်နေ့တွင် သတိပေး ကြေညာချက် တစ်စောင် ထုတ်ပြန်ထားသည်။

နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းတို့ဖြင့် အဓမ္မ သိမ်းယူခဲ့သော (ယခင်) ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များသည် နိုင်ငံတော် အကြမ်းဖက် လက်နက်ကိုင်များဖြစ်သည့်အတွက် နိုင်ငံနှင့် လူထုအပေါ်တွင် မည်သည့် ဥပဒေ၊ အခွင့်အာဏာကိုမှ ရယူသုံးစွဲခွင့်မရှိကြောင်း ကြေညာချက်တွင် ပါရှိသည်။

နိုင်ငံတော် အကြမ်းဖက်တရားခံ မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ၏ လိုလားချက် များအတိုင်း လိုက်ပါဆောင်ရွက်နေသော တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ ဒေသ အသီးသီးမှ ပုဂ္ဂိုလ်များသည် လက်ရှိ ပူးပေါင်းပါဝင်နေခြင်းမှ အမြန်ဆုံး နုတ်ထွက်နိုင်ရန် ပြင်းပြင်း ထန်ထန် တိုက်တွန်း သတိပေးကြောင်း အမှတ် ၁ စစ် ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ပြောဆိုသည်။

သတိပေးတားမြစ်ချက်ကို ဖောက်ဖျက်ပြီး ဆက်လက် ကျူးလွန်နေသူများကို မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များအဖြစ် သတ်မှတ်ပြီး စစ်ရေးပစ်မှတ်များအဖြစ် မှတ်ယူမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article