25 C
Yangon

ရွာငံမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းခွဲမှု စစ်သား ၂ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရွာငံမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းခွဲမှု စစ်သား ၂ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၁

ရှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် မင်းပလောင်ကျေးရွာ‌ မြောက်ဘက်ပျဉ်းပင်ရေစခန်းအနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို မိုင်း ၅ လုံး ဖောက်ခွဲ၍ ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ စစ်သား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်‌ဒေသ ရွာငံ ပကဖတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်မှုများအတွင်း ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ အကျအဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် သေဆုံး စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို ရနဲကျေးရွာသို့ ပြန်လည်သယ်ဆောင်ပြီး ရွာငံဆေးရုံနှင့် အောင်ပန်းကုတင် ၇၀၀ စစ်ဆေးရုံသို့ပိုဆောင်ခဲ့ကြောင်း ရှမ်းတောင်စစ်‌ဒေသ ရွာငံ ပကဖ တာဝန်ခံက ပြောကြားသည်။

ထို့ပြင် ယနေ့ မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ရွာငံမြို့နယ်နှင့် သာစည်နယ်စပ် ညောင်ပင်သာရွာအနီး ထပ်မံအင်အားဖြည့် စစ်ကြောင်းထိုးလာသော အင်အား ၇၀ ခန့်ကို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက်စစ်သားများဘက်က အထိနာပြီး လက်နက်ကြီးများဖြင့် ရမ်သမ်းပစ်ခတ်လျက်ရှိကြောင်း ရှမ်းတောင်စစ်‌ဒေသ ရွာငံ ပကဖ တာဝန်ခံ က ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ရွာငံမြို့နယ်မှ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) အဖွဲ့၏ လေ့ကျင့်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article