25 C
Yangon

စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရန်ကုန်တိုင်းစက်မှုဇုန်များတွင် အလုပ်သမားပြတ်လပ်မှု ကြုံလာရပြီး စီးပွား ရေးကဏ္ဍတစ်ခုလုံး အပါအဝင် ပြည်သူလူထုအကြား ဆိုးဝါးစွာ ဂယက်ရိုက်ခတ်

Must read

ရန်ကုန်တိုင်းစစ်ကောင်စီက အထူးအစည်းအဝေးခေါ်ယူပြီးလူငယ်တိုင်း စစ်မှုထမ်းရမည့် အခြေအနေများကို ရှင်းလင်းမည်

ရန်ကုန်၊ မတ် ၂၂

အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် အလုပ်သမားများ နယ်ပြန်ကြခြင်း၊ အလုပ်မှ ထွက်ခွာကြခြင်းများ အကြီးအကျယ် ကြုံတွေ့နေရပြီး အလုပ်သမားပြတ်လပ်မှုနှင့် စီးပွားရေးကဏ္ဍတစ်ခုလုံး ကြီးမားစွာ သက်ရောက်နေကြောင်း UMFCCI မှ စီးပွားရေး လုပ်ငန်းရှင်တချိုက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးချိန်မှစတင်ပြီး နယ်မှ လာကြသည့် အလုပ်သမားများသည် သက်ဆိုင်ရာ မိခင်မွေးရပ်မြေများသို ပြန်လည်ထွက်ခွာနေကြကြောင်း၊ စစ်မှုဇုန်မှ အဆောင်နေ အလုပ်သမားများကို ဧည့်စာရင်းဥပဒေဖြင့် ဖမ်းဆီးခြင်း၊ စစ်တပ်ထဲသို ပေါ်တာဆွဲမှုများ ဖြစ်ပေါ် လာပြီးနောက် အခြေအနေ ပိုမိုဆိုးဝါးလာကြောင်း၊ အလုပ်သမားများမှာ ဆက်လက် အလုပ်မလုပ်တော့ဘဲ လုပ်ငန်းခွင်များမှ ထွက်ခွာနေကြကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေအသက်သွင်းတယ်လို ကြေညာတယ်။ ညဘက်တွေ ဧည့်စာရင်းတွေ စစ်ပြီး နယ်မှတ်ပုံတင် အဆောင်နေအ လုပ်သမားတွေ အဖမ်းခံရတယ်။ စစ်ထဲ ခေါ်ရသလိုလို သတင်းကြားပြီး လူတွေ ပျောက်ကုန်တယ်။ အဲဒီမှာ အလုပ်သမားတွေလည်း အကုန် နယ်တွေပြန်ကြတယ်။ မတ်လ ၁၃ ရက်နေ့ စစ်မှုထမ်းဆင့်ခေါ်စာနဲ့ မဲနှိက်ဖို စာတွေ ဝင်လာတော့။ နယ်က မိဘတွေက သူတိုသားတွေကို ပြန်ခေါ်ကြတယ်။ မဲနှိက်ဖို လာပါဆိုပြီး။ အဲဒီမှာ စက်ရုံတွေမှာ အလုပ်သမားမရှိသလောက်ဖြစ်ကုန်တယ်။ အဆောင်နေတဲ့ အလုပ်သမားတွေလည်း မနေရဲတော့ဘဲ ထွက်ပြေးကုန်တယ်။ ဂယက်တော့ စက်မှုဇုန်ဘက်မှာ အရမ်းရိုက်ခတ် တယ်။ အလုပ်သမားတွေ အတော်ကို နည်းသွားတယ်။ အမျိုးသမီးတွေချည်းပဲ ကျန်တယ်” ဟု လှိင်သာယာမြိုနယ်မှ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

စီးပွားရေးနှင့်စက်ရုံအလုပ်ရုံများတွင် စစ်မှုထမ်း ဥပဒေကြောင့် အလုပ်သမား ရှားပါးမှုနှင့် ပြတ်လပ်မှုများ ကြုံလာရသည့်အပြင် အောက်ခြေတွင်လည်း ဧည့်စာရင်းဖြင့်နေသူများ၊ အဆောင်နေ အလုပ်သမားများကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲများက အနိုင်ကျင့် ဗိုလ်ကျမှုများ၊ ငွေညှစ်မှုများ၊ ဖမ်းဆီးမှုများ ဆက်တိုက်ကြုံနေရကြောင်း သိရှိရသည်။

“အခုက အဆောင်နေ အလုပ်သမားတွေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲတွေက စစ်မှုထမ်းရမယ့် စာရင်းထဲတွေ ထည့်ထားကြတယ်။ မဲလာနှိက်ခိုင်းတယ်။ အလုပ်သမားတွေက နယ်မှာလည်း သန်းခေါင်စာရင်းရှိတော့ အဲဒီမှာလည်း စာရင်းပါတယ်။ ရန်ကုန်မှာလည်း ဧည့်စာရင်းနဲ့ အသက်၊ မှတ်ပုံတင် စာရင်းသွင်းထားတော့ ရန်ကုန်မှာလည်း စစ်မှုထမ်းစာရင်းထဲ ဝင်နေတယ်။ နှစ်နေရာလုံးမှာ စစ်မှုထမ်းရမယ့် စာရင်းမှာ ပါနေတာ။ အလုပ်သမားတွေလည်း အတော်ကို အကျပ်ရိုက်ကုန်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲတွေကလည်း ဘယ်သူ့ အဖေခေါ်ရမှန်းမသိ။ တစ်ရပ်ကွက်တစ်မျိုးနဲ့ ငွေတောင်း၊ မဲနှိက်ခိုင်းတွေဖြစ်နေတယ်။ အခြေအနေက အတော်ကို စည်းလွတ်ဝါးလွတ်ဖြစ်ကုန်တာ။ အဲဒီတော့ အလုပ်သမားတွေလည်း ပြေးကုန်ကြရော ” ဟု ရွှေပြည်သာစက်မှုဇုန်မှာ ကော်စက်လုပ်ငန်းရှင်က ဆိုသည်။

ထိုပြင် ရပ်ကွက်၊ ကျေးရွာများတွင်လည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ငွေညှစ်မှုများ၊ လူစားထိုးရန် ကြိုးစားမှုများ၊ အုပ်ချုပ်ရေးအဖွဲက အာဏာပြ အနိုင်ကျင့်မှုများစွာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“ကျနော်တို သန်လျင်မြိုနယ်၊ မြိုဟောင်းရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းက စစ်မှုထမ်း စာရင်းထဲမပါချင်ရင် သိန်း ၂၀ ပေးရမယ်ဆိုပြီ ငွေလိုက်ညှစ်တယ်။ ရာအိမ်မှူးတွေနဲ့ပေါင်းပြီး ငွေညှစ်တာ။ အဲဒီလိုဖြစ်နေတယ်” ဟု သန်လျင်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ရန်ကုန်တိုင်း၊တိုက်ကြီးမြိုနယ်၊ သနပ်ချောင် ရွာတွင်လည်း စစ်မှု မထမ်းမနေရဟုဆိုကာလူငယ်များကို မဲနှိက်ရွေးချယ်ကြောင်း၊ ယင်းနောက် အုပ်ချုပ်ရေးအဖွဲက တစ်အိမ်ထောင်လျှင် ငွေကျပ် ငါးသောင်းကျပ်ကောက်ယူနေကြောင်း သိရှိရသည်။

“မဲနှိက်လို မပေါက်ဘူးဆိုရင် လူငယ်တွေက ငါးသောင်းထည့်ရတယ်။ နောက်တစ်ခါ ရပ်ကွက်ထဲက ပြည်သူတွေကိုလည်း တစ်အိမ်ထောင်ကို ငွေ သုံးသောင်း ထပ်ကောက်တယ်။ ဘာလိုကောက်တာလဲ မေးတော့ လျှာမရှည်နဲ့ ကောက်ချင်လို ကောက်တယ်ပြောတယ်”ဟု သနပ်ချောင် ရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။

ရန်ကုန်တိုင်းစစ်ကောင်စီကမူ ယနေ့တွင် စစ်မှုမထမ်းမနေရ ဥပဒေအရ လူတိုင်း စစ်မှုထမ်းရမည့် အခြေအနေများကို ထပ်မံရှင်းလင်းရန်အတွက် အထူးအစည်းအဝေး ခေါ်ယူထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article