26 C
Yangon

ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ ၄၈ ဦးကို မြန်မာနိုင်ငံဘက်သို့ ထိုင်းအစိုးရက ပြန်လည်ပို့ဆောင်

Must read

ရန်ကုန်၊ မတ် ၂၂

ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထိုင်းအာဏာပိုင်များက ပြန်လည်ပို့ဆောင်လိုက်ကြောင်း ထိုင်းစစ်တပ်သတင်းရင်းမြစ်က သတင်းဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အစပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးလာသော တပ်သားများဖြစ်ကြောင်း၊ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ထိုင်း-မြန်မာနယ်စပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများမှ စစ်သား အင်အား ၄၈ ဦးသည် တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာထဲသို့ ထွက်ပြေးခဲ့ကြောင်း၊ ကျေးရွာမှ ထိုင်းပြည်သူများက ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့ထံ သို့ တိုင်ကြားသည့်အတွက် အဆိုပါ စစ်ကောင်စီတပ်သားများကို ထိုင်းစစ်တပ်နှင့်ရဲများက လာရောက် ဖမ်းဆီးခဲ့ ကြောင်း၊ ဖမ်းဆီးချိန်တွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လက် ခေါင်းပေါ် တင်ခိုင်းပြီး ဝမ်းလျား မှောက်ခိုင်းကာ သေနတ်များကို ထိုင်းစစ်တပ်က သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၂၁ ရက်နေ့ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး ကြာအင်းဆိပ်ကြီးမြို့နယ် ရေတလျောက် စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသည် ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးလာကြောင်း၊ ထိုင်းစစ်တပ်က လက်နက်များသိမ်းဆည်းကာ စစ်သားများကို ထိန်းသိမ်းခဲ့ကြောင်း ၊ယမန်နေ့ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးက လက်နက်များနှင့်အတူ ဝင်ရောက်ခဲ့ခြင်းကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article