25 C
Yangon

စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံဘက်မှ လူငယ်များ ထွက်ပြေး ဝင်ရောက် လာမှုကို တားဆီးရေး လုံခြုံရေး တိုးမြှင့်ထားရန် မဲဆောက်ခရိုင်အကြီးအကဲက အမိန့်ထုတ်ပြန်

Must read

ရန်ကုန်၊ မတ် ၂၂

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က စတင်ကျင့်သုံးနေသည့် စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံဘက်မှ လူငယ်များ ထွက်ပြေး ဝင်ရောက်လာမှုကို တားဆီးရေး ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် လုံခြုံရေးတိုးမြှင့်ထားရန် မဲဆောက်ခရိုင်အာဏာပိုင်အဖွဲက အမိန့်တစ်ရပ် ထုတ်ပြန်သည်။

ယမန်နေ့ ထုတ်ပြန်သော မဲဆောက်ခရိုင်အာဏာပိုင် အဖွဲ၏ အမိန့်တွင် မြန်မာနိုင်ငံတွင်း နိုင်ငံရေး အခြေအနေများနှင့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံတွင်းသို တရားမဝင် ဝင်ရောက်မှုများမြင့်မားလာနိုင်ကြောင်း၊ ထိုကြောင့် ကာကွယ်တားဆီရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဒေသအာဏာပိုင်များကို ညွှန်ကြားထားသည်။

ထိုကြောင့် ခရိုင်ခွဲ၊ မြိုနယ်နှင့်ကျေးရွာ အာဏာပိုင်များ အနေဖြင့် လုံခြုံရေး ကင်းလှည့်မှုများကို တိုးမြှင့် ဆောင်ရွက်ရန် တရားမဝင်သွားလာနေမှုများကို ဖမ်းဆီးရန် ၊ ညွှန်ကြားချက်များအတိုင်း အရေးယူမှုများကို တိကျစွာ ဆောင်ရွက်ရန် မဲဆောက်ခရိုင်အကြီးအကဲက ယမန်နေ့ အမိန့်ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုင်းစစ်တပ်ကလည်း လေတပ်ဖြင့် ကင်းလှည့်ခြင်း၊ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကြောင်းများဖြင့် လှည့်လည်ခြင်းများကို တောက်လျှောက်ဆိုသလိုဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုရက်ပိုင်းအတွင်း ထိုင်းစစ်တပ်၏ လုံခြုံရေး ကင်းလှည့်မှုနှင့် မဲဆောက်ခရိုင်အကြီးအကဲ၏ အမိန့်စာ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article