36 C
Yangon

ရွာငံမြို့နယ်၊ စစ်စီးကုန်းရွာအနီးတွင် အိမ်စီးကားဖြင့် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရွာငံမြို့နယ်၊ စစ်စီးကုန်းရွာအနီးတွင် အိမ်စီးကားဖြင့် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ စစ်စီးကုန်း ကျေးရွာအနီးတွင် အိမ်စီးကားဖြင့် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Ywangan PDF (JPRF) တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ မတ်လ ၂၂ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ရွာငံမြို့နယ်၊ စစ်စီးကုန်းကျေးရွာ တောင်ဘက်ခြမ်းကို အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သား ဒုတပ်ကြပ် ၁ ဦး နှင့် ပျူစောထီးတစ်ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးထံမှ Ak 47 သေနတ် ၁ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF(JPRF) မှ ရဲဘော်များက ကြိုတင်သတင်းရရှိသဖြင့် အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article