30 C
Yangon

ဆီဆိုင်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးအလုံး ၁၀၀‌ ကျော်ကျဲချပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်၊ ကလေးမြို့နယ်၊ ပျဉ်းခုံလေးရွာကို စစ်တပ်က ဖျက်ဆီး

Must read

ဆီဆိုင်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးအလုံး ၁၀၀‌ ကျော်ကျဲချပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်၊ ကလေးမြို့နယ်၊ ပျဉ်းခုံလေးရွာကို စစ်တပ်က ဖျက်ဆီး

ရန်ကုန်၊ မတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး အလုံးပေါင်း ၁၀၀ ကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက ထုတ် ပြန်သည်။

မတ်လ ၂၀ ရက် ည ၁၀ နာရီမှ ၁၂ နာရီအထိ ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က အ ကြောင်းမဲ့ Y12 လေယာဉ်ဖြင့် ဗုံးသီးပေါင်း အလုံး ၁၀၀ ကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ယမန်နေ့ မတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်က ဆီဆိုင်မြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က ဂျက် ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၀ ရက်နေ့ည ၁၀ နာရီမှ ၁၂ နာရီအတွင်း စစ်ကောင်စီသည် ဆီဆိုင်မြိုကို အကြောင်းမဲ့ Y12 လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးပေါင်း ၁၀၀ ထက်မနည်းကျဲချတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ယမန်နေ့ မတ်လ ၂၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီက ဆီဆိုင်မြို့အတွင်းသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့်လည်း အကြိမ်ပေါင်းများစွာ ပစ်ခတ်ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရ သည်။

မြေပြင်တွင် အထိနာနေသည့် စစ်ကောင်စီသည် လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပအိုဝ်းဒေသ ကို ပိုမိုတိုက်ခိုက်ဖျက်ဆီးနေလျက်ရှိသည့်အပြင် မတ်လ ၁၈ ရက်နေ့က မဲနယ်တောင်ဒေသ ဗန်းကွန် ရွာနေ ရပ်ရွာလူကြီး ဦးခွန်ထွက်ထီးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းခံရသူ ဦးခွန်ထွက်ထီးသည် ကျေးရွာတိုးတက်ရေး မူးယစ် ဆေးဝါး ကင်းစင်ရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်သည့်အပြင် ပြီးခဲ့သည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ NLD ပါတီကို အားပေးထောက်ခံသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းရှိ ပျဥ်းခုံလေးရွာကို မတ် ၁၉ ရက်နေ့မှစတင်၍ ယမန်နေ့အထိ စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများလည်း တောက်လျှောက်ဆိုသလို စစ်တပ်က လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့မှာလည်း စစ်တပ်က လက်နက်ကြီးဖြင့် မြို့ပေါ်မှ တရစပ်ပစ်ခတ်နေသဖြင့် ပျဥ်းခုံကြီးကျေးရွာမှ အရပ်သား ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများပြား ကြောင်း သိရှိရသည်။

” ပျဥ်းခုံလေးကိုက တိုက်ပွဲလည်းမဖြစ်ဘူး။ ဘာမှမဆိုင်ဘဲ မီးရှို့တာ။ မတ်လ ၁၉ ရက်နေ့ကရှို့တာ ညအထိ။ မနေ့မနက်လည်း ထပ်ရှို့တာ လောင်တုန်းပဲ။ ရွာတဝက်ကျော်လောက်တော့အနည်းဆုံးပါသွားပြီ။ စပါးအပြည့်နဲ့စပါးတိုက်တွေရောပါတယ်”ဟု ကလေးမြို့ မြောက်ပိုင်းဒေသခံအမျိုးသားတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article