25 C
Yangon

မြိုင်မြို့နယ်၊ တွင်းမပျူရွာမှ ထွက်လာသော စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

မြိုင်မြို့နယ်၊ တွင်းမပျူရွာမှ ထွက်လာသော စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၃

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် မြိုင်မြို့နယ်၊ တွင်းမပျူစောထီးစခန်းမှ တွင်းမရွာ မြောက်ဘက်သို့ ထွက်လာသော စစ်ကြောင်းကို တွင်းမပျူရွာမြောက်ဘက်၌ မိုင်းပွိင့် ၃ ပွိုင့် ဖြင့် နှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများမှာ ရှေ့ဆက်မတက်ရဲတော့ပဲ သေဆုံးဒဏ်ရာ စစ်သားများကို ထမ်းစင်ဖြင့် ထမ်းကာ တွင်းမပျူစောထီးကျေးရွာထဲသို့ ပြန်ဝင်သွားကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ – တပ်ခွဲ ၁ ၊ တပ်ခွဲ ၂-ဂဠုန်အဖွဲ့ ၊ အလင်းတန်းပြောက် ကျားတပ်ဖွဲ့ ၊ Myaing Warriors တပ်ဖွဲ့၊ MRDF တပ်ဖွဲ့ ၊ KMDF(ကမ္မတပ်ပေါင်းစု) ၊ PDF Kamma( ကမ္မတပ်ပေါင်းစု) နှင့် ပေါက် ပကဖ တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article