25 C
Yangon

ယင်းမာပင်၊ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးနေရ

Must read

ယင်းမာပင်၊ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသော သံပြားကာ ကား ၅ စီးသည် ချင်းတွင်း တံတားကို ဖြတ်၍ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ်ဘက်သို့ ကူးလာကြောင်း၊ ယင်းနောက် ယမန်နေ့ ညနေပိုင်းတွင် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး စီးနင်းလာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မုံရွာ-ပုသိမ် ကားလမ်းဘက်မှ မိုင်းကွင်း ရှင်းရင်းနဲ့ ဝင်လာတဲ့ စစ်ခွေး အင်အား ၁၅၀ လောက်ရှိတယ်။ အနီး အနားက ရွာပေါင်း ၁၀ ရွာက ပြည်သူ ၈၀၀၀ ကျော် အရေးပေါ် စစ်ရှောင်ကြရတယ်” ဟု စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article