25 C
Yangon

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ABSDF စစ်ကြောင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၅၂ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသော ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်က လက်နက်ငယ်များဖြင့် လာရောက်ဝိုင်းဝန်းတိုက်ခိုက်ခဲ့ သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ် ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အရင်ဆုံး ကျွန်တော်တို့ဘက်က ရော့ကတ်တွေထုတာ သူတို့ဘက်က လက်နက်ကြီး ၆၀ တွေနဲ့ ကောင်တာ ပြန်ပစ်တယ်။ ပြီးခဲ့တဲ့အခါမှာ သူတို့က အင်အား ၃၀ လောက်က ကျွန်တော်တို့ကို ပြန်ဝိုက်တာပေါ့။ ဝိုက်တဲ့အခါမှာ ရှေ့မှာ ကာကင်းထားတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ စစ်ခွေး ၅ ကောင်ထည်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့တော့ သိထားရပါတယ်” ဟု ABSDF စစ် ကြောင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ABSDF အမှတ် ၁၄ တပ်ရင်း နှင့် တော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်း တွင်း ဒိုင်းနမိုက်အဖွဲ့ ၊ တောင်ပံနီအဖွဲ့၊ ဖိုက်တာနိုင်းအဖွဲ့ ၊ သေမင်းတမန်အဖွဲ့ ၊ ဒေါင်းရာဇာအဖွဲ့ ၊ Royal Brother အဖွဲ့ ၊ SRA အဖွဲ့ ၊ ယင်းမာပင်ခရိုင် PDF တပ်ရင်း ၁၆ တပ်ခွဲ ၂ ၊S.P.D.F ၊ ဖီးနစ် အဖွဲ့ ၊ ဗိုလ်ယက္ခ အဖွဲ့ ၊ C.D.F(ဆားလင်းကြီး) ၊ ဇာနည်သွေး အဖွဲ့ ၊ ထွန်းတောက်ကြယ် ၊ N.U.G.F ၊ B.D.F.S တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေါင်းရာဇာတပ်ဖွဲ့မှ ရဲဘော် တစ်ဦး လက်နက်ကြီး ကျည်စရှပ်ထိ ဒဏ်ရာရရှိကာ မစိုးရိမ်ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article