37 C
Yangon

မတ္တရာ၊ ကျောက်တံတားကြီးရွာတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

Must read

မတ္တရာ၊ ကျောက်တံတားကြီးရွာတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကြီးရွာ၌ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ဆိုင် ထိုင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၄ မိနစ်အချိန် မတ္တရာမြို့နယ်အရှေ့ပိုင်း၊ ကျောက်တံတား ကျေးရွာ ရေနားကျောင်းအတွင်း အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက တံတားကြီး အရှေ့ဘက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် နေ့လယ်ပိုင်း လက်ဖက်ရည်သောက်လေ့ရှိကြောင်း သတင်းအရ လျှပ်တပြက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အသက် ၂၇ နှစ်အရွယ် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်တံတားကျေးရွာသည် မတ္တရာမြို့နယ်၊ မန္တလေး -မိုးကုတ်လမ်းမကြီးပေါ်တွင် တည်ရှိပြီး စစ်ကောင်စီအတွက် ဗျူဟာကျသည့်နေရာဖြစ်သဖြင့် စစ်ကြောင်းမှူး အဆင့်ရှိသူ ဦးစီး ကာ တပ်ရင်းတစ်ရင်း အထိုင်ချထားကြောင်း၊ ကျောက်တံတားကျေးရွာမြောက်ဘက်ရှိ ငါးလုံးပြွန် ကျေးရွာတွင်လည်း စစ်ကောင်စီတပ်သား ၄၀ ခန့်ဖြင့် အထိုင်ချထားတကြောင်း၊ ထို့ပြင် ကျောက်တံ တားကျေးရွာ အရှေ့ဘက်ခြမ်းတွင်လည်း အကြမ်းဖက်စစ်သား အင်အား ရာဂဏန်းကျော်ဖြင့် အထိုင် ချထားသည့် ကျေးရွာများရှိကြောင်း သိရသည်။

“လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ စစ်ကောင်စီတပ် သားတွေ၊ တံတားပေါ်မှာ ဂိတ်ကြေးကောက် နေတဲ့ စစ်သားတွေကို ဝင်ရောက်ပစ် ခတ်ခဲ့ တာ၊ တပ်တွေအများကြီး အထိုင်ချထားတဲ့ ကြားကနေ ထိုးဖောက်ပြီးတော့ တိုက်ခိုက်ခဲ့တာ ။ နောက်တစ်ချက်က လက်ဖက်ရည်ဆိုင်ရဲ့ မျက် စောင်း ထိုးမှာရှိတဲ့ ဆိုင်ကယ် ဝပ်ရှော့ခ်ထဲမှာ စစ်ခွေးတွေရှိတာ သတိမထားမိလိုက်ဘူး၊ လက်ဖက် ရည်ဆိုင်မှာရှိတဲ့ စစ်ခွေးတွေကို ဝင်ရောက်ပစ် ခတ်တယ်၊ ပြီးတော့ တံတားပေါ်မှာရှိတဲ့ ပွိုင့်တွေကို ဆက်ပစ်တယ်။ လက်နက်ကောက်ဖို့ ကြိုးစား နေတဲ့အချိန်မှာ လက်ဖက်ရည်ဆိုင်ရဲ့ မျက်စောင်း ထိုးမှာရှိတဲ့ ဆိုင်ကယ် ဝပ်ရှော့ခ်ထဲက ရန်သူ့ကျည် တွေ ဝင်လာတယ်။ ရန်သူ့ ကျည်ပစ် အားက များတယ်။ အဲဒီအချိန်မှာ ကျနော့်တို့ တပ်ဖွဲ့တစ်ဦးရဲ့ လက်မောင်းကို ရှပ်ပြီးတော့မှန်တယ်။ အဲဒီတော့ ဒဏ်ရာရတဲ့ရဲဘော်ကို ရအောင်ဆွဲထုတ်ပြီးတော့ ပြန်ဆုတ်ခဲ့ရတယ်။ အဲလိုကြောင့် ရန်သူ့လက်နက် မရရှိခဲ့တာဖြစ်တယ်” ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ္တရာမျိုးမှန်တပ်ဖွဲ့အနေဖြင့် စစ်ဆင်ရေးပေါင်း အကြိမ် ၁၀၀ ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၅၆ ဦးကျော် သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီဟု အဆိုပါတပ်ဖွဲ့၏ တာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article