25 C
Yangon

ရေဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရေဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ နံနက် အစောပိုင်းတွင် ရေဦးမြို့မြောက်ဘက်အထွက်ရှိ စစ်တပ်ဂိတ်မှ စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် စစ်ဘေးရှောင် ပြည်သူများ ရှိရာနေရာကို ပစ်ခတ်ခဲ့သောကြောင့် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF က Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တော်လှန်ရေး ရဲဘော်များကို လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးသေစာရင်းတော့ အတိအကျမသိရဘူး။ စစ်ကြောင်းနဲ့ လက်နက်ကြီးထုတဲ့ ကောင်တွေကြားထဲမှာ ဖြစ်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အခြေအနေက တင်းမာမှုဖြစ်နေတဲ့အတွက် မသိရဘူး။ စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူ ၂ ဦးပွဲချင်းပြီးသေဆုံးသွားတယ်။ တန့်ဆည်က ထွက်တဲ့ စစ်ကြောင်းက ရှေ့ဆက် တိုးလာတော့ ဝါးရုံရွာရဲ့ ဘောလုံးကွင်းမှာ စစ်ရှောင်တွေရှိနေတာပေါ့။ အဲတာကိုရေဦး တိုင်းရင်းဆေးရုံက ထွက်လာတဲ့ စစ်ခွေး ၂၅ ကောင်က လက်နက်ကြီးနဲ့ ရေဦးမြောက်ဘက် ဂိတ်ကနေ စစ်ဘေးရှောင်တွေကို ထုတာပေါ့။ အဲမှာ စစ်ဘေးရှောင် ပြည်သူတွေရှိတဲ့ နေရာကို လက်နက်ကြီး ၂ လုံးကျပြီးတော့ ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article