25 C
Yangon

ပေါင်းတည်တွင် ထန်းကုန်းရွာကို မီးတင်ရှို့နေသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်ဗိုလ် ၁ ဦးသေဆုံး၊ လောင်း လုံးတွင် စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၅

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ထန်းကုန်းကျေးရွာကို မီးတင်ရှို့နေသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ် ဗိုလ်အရာရှိ ၁ ဦးသေဆုံးကြောင်း ၃၆၀၁ PPDF တပ် ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ နယ်၊ ကြို့ကုန်းအုပ်စု၊ထန်းကုန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးတင်ရှို့နေသော အကြမ်းဖက်စစ်တပ်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မ တော် (၃၆၀၁-PPDF)တပ်ရင်း၊ စနိုက်ပါတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိဗိုလ် ၁ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီမှ အရာရှိဗိုလ်သေဆုံးအလောင်းကို ပေါင်းတည်ဘက်သို့သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက် နက်ကြီး၊လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်သော် လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှာ အထိအခိုက် အန္တရာယ်မရှိ အောင်မြင်စွာဆုတ်ခွာသွားကြောင်း၊ အကြမ်းဖက်စစ်တပ်၏ မီးရှို့မှုကြောင့် ထန်းကုန်းရွာမှ နေအိမ် ၂၅ လုံးမီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အကြမ်း ဖက်စစ်သား၊ ပျူစောထီးများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၃ ရက်နေ့ ည ၁၂ နာရီအချိန်ခန့် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အ ကြမ်း ဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်ကလည်း အဆိုပါ ကျောက်နီမော် ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများ၏ စခန်းကို ဒရုန်းဖြင့် ဗုံး ကျဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီးနေအိမ် တစ် ခြမ်းပြိုကျပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ၏ စခန်းကို နွေဦးပြောက်ကျား တပ်ဖွဲ့က တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မီးတင်ရှို့နေသော စစ်တပ် #ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ထန်းကုန်းကျေးရွာ #ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article