22 C
Yangon

ကျောက်ပန်းတောင်းမြိုနယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင် စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်

Must read

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြိုနယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင် စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ပြီး ကွယ်လွန်သွားကြောင်း ဆွေမျိုးများက အတည်ပြု ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ ညနေပိုင်း ကျောက်ပန်းတောင်းမြိုနယ်၊ ဆိတ္တိန်းကျေးရွာအုပ်စု၊ ထောက်ရှာကျေးရွာမှ ဦးစောဌေးနှင့် ဒေါ်မြင့်ရီတို၏ သားဖြစ်သူ မောင်အောင်လင်းနိုင် အသက် ၂၇ နှစ်သည် ကျေးရွာအုပ်ချုပ်ရေးရုံးတွင် စစ်မှုထမ်းရန် မဲပေါက်ကြောင်း၊ ထိုကြောင့် ထွက်ပြေးရန် လုပဆောင်သော်လည်း မိဘများနှင့်ဆွေမျိုးများက ကျန်ရစ်ခဲ့မည့် မိသားစုဝင်များကို စစ်တပ်က ပြဿနာရှာနိုင်သဖြင့် မပြေးရန် တားဆီးကြကြောင်း၊ ထိုကြောင့် မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကြိုးဆွဲချ အဆုံးစီရင်ရာမှ သေဆုံးသွားကြောင်း၊ မသေဆုံးမီ သေတမ်းတာလည်း ရေးသွားခဲ့ကြောင်း သိရှိရသည်။

“သေတမ်းစာမှာ သူဒီလို သတ်သေလို နောင်အဖန်ငါးရာခံရမှာလည်း သိတယ်။ ဒါပေမယ့် မခံစားချင်ဘူး။ သူမဝင်ချင်တဲ့ စစ်ထဲကို လုံး၀ မဝင်ချင်ဘူး။ မိဘတွေနဲ့ ဆွေမျိုးတွေကလည်း ပြေးဖို သဘောမတူဘူး။ အဲဒါကြောင့် နောင်ဘ၀မှာလည်း လူပြန်ဖြစ်ရပါလို၏ ဆိုပြီးစာရေးသားတယ်။ ဆေးလိပ်လေးနဲ့ ပုတီးလေးကို ဘေးမှာ ချပြီး အဆုံးစီရင်သွားတယ်။ မိဘတွေလည်း ရင်ကျိုးရတာပေါ့” ဟု မိသားစုနှင့်နီးစပ်သော ဆွေမျိုးတစ်ဦးက ရှင်းပြသည်။

အလားတူ မောင်အောင်လင်းနိုင်နှင့်အတ ကျောက်ပန်းတောင်းမြိုနယ် ထောက်ရှာကျေးရွာတွင် မဲပေါက်သော လူငယ်တစ်ဦးမှာမူ မလေးရှားတွင် ရောက်ရှိနေသော လူငယ်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးက မလေးရှားရောက် လူငယ်ကို အမြန်ဆုံး ခေါ်ယူရန် မိသားစုကို ဖိအားပေးနေကြောင်း၊ မလေးရှားမှ ပြန်မလာလျှင် ဖခင်ဖြစ်သူကို စစ်ထဲသို ခေါ်မည်ဟု စစ်တပ်က ပြောဆိုကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်တပ်ကတပ်သားသစ်အဖြစ် နိုင်ငံတစ်ဝန်းမှ လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲ စုဆောင်းထားပြီးနောက် စုဆောင်းရေးတပ်များထံသို ပိုဆောင်စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ #ကျောက်ပန်းတောင်းမြိုနယ်၊ #ထောက်ရှာကျေးရွာ

စစ်တပ်ကတပ်သားသစ်အဖြစ် နိုင်ငံတစ်ဝန်းမှ လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲ စုဆောင်းထားပြီးနောက် စုဆောင်းရေးတပ်များထံသို ပိုဆောင်စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article