25 C
Yangon

စစ်ကောင်စီနှင့်ပူးပေါင်းသော မည်သည့်အဖွဲ့၊ မည်သူ့ကိုမဆို တိုက်ခိုက်သွားမည်ဟု AA ထပ်မံ သတိပေးကြိမ်းဝါး

Must read

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်မှ လွဲ၍ မည်သည့်အဖွဲ့မှ မရှိစေရ

ရန်ကုန်| မတ် ၂၆

အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သား သတ်မှတ်၍ တိုက်ခိုက်သွားမည်ဟု ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန် သတိပေးလိုက်သည်။

ရခိုင်ပြည်အတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ AA က ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ရာ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်၏ ရပ်တည်ချက်အတိုင်း ရခိုင်ပြည်အတွင်းမှာ ရက္ခိုင့်တပ်တော် AA ကလွဲပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမျှ မရှိစေရဟုလည်း AA က ဆိုသည်။

ရခိုင်ပြည်အတွင်းမှာ မွတ်စလင်များကို စစ်ကောင်စီက အတင်းအဓ္ဓမခေါ်ယူ စစ်သားစုဆောင်ကာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေပြီး မွတ်စလင်များအား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖန်တီပေးမည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ရက္ခိုင့်တပ်တော် AA က ယင်းကဲ့သို့ သတိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် ရသေ့တောင်မြို့ တိုက်ပွဲတွင် စစ်သင်တန်းပေးထားသော မွတ်ဆလင်များကို အသုံးပြုခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ပြောဆိုထားသည်။

ယင်းအပြင် ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်များကို ယင်းဒေသအခြေစိုက် စစ်ကောင်စီ၏ စကခ ၁၅ မှ အဓိက ကြိုးကိုင်ကာ လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ဆန္ဒပြပွဲများ ဖန်တီးခဲ့ကြောင်း သိရသည်။

မတ်လ ၁၉ ရက်နေ့တွင် ဘူးသီးတောင်က မွတ်ဆလင်များကို ကြိုးကိုင်ပြီး AA အား အလိုမရှိဟု ဆန္ဒပြပွဲများကို စကခ ၁၅ မှ ပြုလုပ်ခဲ့သည်ဟု AA က ဆိုသည်။

အလားတူ မောင်တောမြို့တွင်လည်း လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ဆန္ဒပြပွဲများ ဖန်တီးရန် စစ်ကောင်စီက ကြိုးစားနေသည်။

မတ်လ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီသည် စစ်တွေမြို့က မွတ်ဆလင်များကို ကြိုးကိုင်ပြီး AA အား အလိုမရှိဟု ဆန္ဒပြပွဲများ ပြုလုပ်ခိုင်းခဲ့သည်။

ထိုကြောင့် ရခိုင်ပြည်အတွင်း နေထိုင်ကြသော လူထုအနေဖြင့် စစ်ကောင်စီဖြစ်ချင်သည့် နိုင်ငံရေးထောင်ချောက်အတွင်းသို့ သက်ဆင်းမကျသွားစေရန် နိုင်ငံရေးအသိ၊ သမိုင်းထဲမှ အတွေ့အကြုံများ၊ သင်ခန်းစာများဖြင့် သတိထား နေထိုင်ကြရန်နှင့် စစ်ကောင်စီ၏ လုပ်ရပ်များကို သတိထားစောင့်ကြည့်ကြရန် အလေးအနက် တိုက်တွန်းကြောင်း AA က အသိပေး ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ စစ်ရေးအရ ရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် ထိရှလွယ်သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖြစ်ပေါ်အောင် ယခုရက်ပိုင်းအတွင်း ပိုမိုအားစိုက်ကြိုးပမ်းဆောင်ရွက်နေသည်။

တပြိုင်နက်တည်းတွင် စစ်ရှုံးစစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကိုပြဌန်းပြီး လူမျိုးပေါင်းစုံကို အတင်းအဓ္ဓမ စစ်သားစုဆောင်းသည့်လုပ်ရပ်အား ပြုလုပ်လျှက်လည်းရှိနေသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းများနှင့် ရခိုင်ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေရန် ဖန်တီးနေခြင်းတို့ကိုနိုင်ငံတကာအသိုင်းအဝိုင်းမှ အချိန်မီ ကန့်ကွက် အရေးယူပေးကြရန် ပြီးခဲ့သည့် တစ်ပတ်ကျော်က AA မှ ထုတ်ပြန် တောင်းဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရက္ခိုင့်တပ်တော် AA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article