25 C
Yangon

ဗန်းမော်မြို့နယ်၊ နောင်လိုက်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

Must read

ရန်ကုန်၊ မတ် ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နောင်လိုက်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဗန်းမော်မြို့နယ်၊ နောင်လိုက်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နောက်လိုက်ကျေးရွာသား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရကြောင်း သိရသည်။

“ဗန်းမော်မြို့နယ် နောင်လိုက် ကျေးရွာမှာ ဒီနေ့ မနက် ၁၀ နာရီ လောက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကျဲလို့ ရွာသား ၂ ဦး ထိထားတယ်။ အမျိုးသမီး ၁ ဦး အရမ်း စိုးရိမ်ရတယ်။ ခေါင်းထိ ထားတယ်။ ဘာတိုက်ပွဲမှ မရှိဘူး။ တမင် သက်သက် လာကျဲတာ”ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article