ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်ကို လေယာဥ်ဆီတင်ပို့သည့် ကုမ္ပဏီများ ပိတ်ပင် တားဆီးပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှု သပိတ် ပြုလုပ်
ရန်ကုန်၊မတ် ၂၆
ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ဒေသတောင်သူများနှင့် ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုတွင် လေယာဥ်ဆီဖြတ်တောက်ရေးအနေနှင့် ‘USA, UK, EU – Ban Jet Fuel Sales and shipment insurance to MyanmarIf the jets can’t fly, they can’t bomb’ ‘မတရားရဲ့စစ်မှုထမ်းဥပဒေကို ကန့်ကွတ်တဲ့အနေနဲ့ တော်လှန်ခြင်းမှတပါးအခြားမရှိ’ ၊ ‘မတရားစစ်မှုထမ်းဥပဒေကို ပြည်သူတရပ်လုံးဆန့်ကျင်ကြ’ ၊ ‘ပြိုင်တူရုန်းမလား ကိုယ်လွတ်ရုန်းမလား ၊ ငုံ့ခံလို့မရ တုန့်ပြန်လို့ချ’ ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။